အင်ဒိုနီးရှားနိုင်ငံ ပါပူအာ ပြည်နယ်မှာ ဆူပူအုံကြွမှုတွေကြောင့် လူ ၂၆ ဦး သေဆုံး

By AFP
24 September 2019
အင်ဒိုနီးရှားနိုင်ငံ ပါပူအာ ပြည်နယ်မှာ ဆူပူအုံကြွမှုတွေကြောင့် လူ ၂၆ ဦး သေဆုံး

စက်တင်ဘာ ၂၄ ။         ။ အင်ဒိုနီးရှားနိုင်ငံက မတည်မငြိမ်ဖြစ်နေတဲ့ ပါပူအာ ပြည်နယ်မှာ ပြန်လည်ပေါ်ပေါက်လာခဲ့တဲ့ ဆူပူအုံကြွမှုအတွင်း အနည်းဆုံး လူ ၂၆ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

ဆူပူ အုံကြွမှုတွေအတွင်း ဆန္ဒပြသမားတွေက နေအိမ် အဆောက်အအုံတွေကို မီးရှို့ ဖျက်စီးခဲ့တဲ့အတွက် အဆောက်အအုံတွေထဲမှာ အရှင်လတ်လတ် မီးလောင်ကျွမ်း သေဆုံးသွားခဲ့သူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မငြိမ်မသက်မှုတွေကြောင့် ဒေသခံ ထောင်ချီဟာလည်း ယာယီခိုလှုံရေး စခန်းတွေဆီ ထွက်ပြေးတိမ်းရှောင်နေရလျက် ရှိပါတယ်။

အဆိုပါ ပါပူအာ ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကတည်းက ခုလို အကြမ်းဖက် ဆူပူ ဆန္ဒပြပွဲတွေကြောင့် ထိခိုက်ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။

လူမျိုးရေး ခွဲခြားဆက်ဆံမှု နဲ့ ပတ်သက်လို့ အမျက်ဒေါသထွက်မှုတွေ၊ ဆင်းရဲနွမ်းပါးတဲ့ အဆိုပါနယ်မြေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တောင်းဆိုမှုတွေ ကနေစပြီး ခုလို ဆန္ဒပြဆူပူမှုတွေ ဖြစ်ပေါ်ထားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ ရက်က ရာနဲ့ချီတဲ့  ဆန္ဒပြသမားတွေဟာ ၀ါမီနာမြို့မှာ အစိုးရအဆောက်အအုံတစ်လုံးနဲ့ အခြား အဆောက်အအုံတွေကို မီးရှို့ဖျက်စီးဆန္ဒပြခဲ့ကြတဲ့အတွက် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly