ရာသီဥတု ပြောင်းလဲမှု ကိုင်တွယ်ရန် ပျက်ကွက်နေဟု ဆွီဒင် ဆယ်ကျော်သက်က ကမ္ဘာ့ခေါင်းဆောင်တွေကို အပြစ်ဖို့

ရာသီဥတု ပြောင်းလဲမှု ကိုင်တွယ်ရန် ပျက်ကွက်နေဟု ဆွီဒင် ဆယ်ကျော်သက်က ကမ္ဘာ့ခေါင်းဆောင်တွေကို အပြစ်ဖို့

စက်တင်ဘာ ၂၄ ။            ။ ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေတယ်ဆိုပြီး ဆွီဒင် ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူ Greta Thunberg က ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတစ်ခုမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို စွပ်စွဲလိုက်ပါတယ်။

ကမ္ဘာ့ အသက်အငယ်ဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ Greta Thunberg ကတော့ အဆိုပါ ကုလ အခမ်းအနားမှာ တက်ရောက်လာတဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ ရှေ့မှောက်မှာ တက်ရောက်စကားပြောဆိုစဉ် ခုလို အပြစ်ဖို့ သွားခဲ့တာ ဖြစ်ပါတယ်။

“ ရှင်တို့ (ကမ္ဘာ့ခေါင်းဆောင်တွေ) တွေက ကျွန်မရဲ့ အိပ်မက်တွေနဲ့ ကျွန်မရဲ့ ကလေးဘဝကို ခိုးသွားခဲ့တယ်၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်ခံစားရမှုတွေ ဖြစ်ပေါ်နေချိန်မှာ လက်တွေ့လုပ်ဆောင်ချက်မပါတဲ့ ကတိကဝတ်တွေသာ ပေးနေပါတယ်” ဆိုပြီး သူမက နယူးယော့ခ်မှာ စက်တင်ဘာ ၂၃ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတု ညီလာခံမှာ ပြောဆိုသွားခဲ့ပါတယ်။

ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စီစဉ်ကျင်းပတဲ့ အဆိုပါ တစ်ရက်တာ အစည်းအဝေးမှာတော့ ကမ္ဘာ့ ခေါင်းဆောင် ၆၀ လောက် တက်ရောက်လာခဲ့ကြ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီ ညီလာခံမှာ တက်ရောက်လိမ့်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ရပေမယ့် တကယ် ကျင်းပချိန်မှာတော့ ဧည့်ပရိသတ်ထဲမှာ ခေတ္တ ခဏ ရောက်လာတာကို တွေ့ခဲ့ရပါတယ်။

'
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly