ပို့အောပရင့်စ်၊ စက်တင်ဘာ ၂၁ ။ ။ ဟေတီနိုင်ငံရဲ့ မြို့တော် ပို့အောပရင့်စ်မှာ သမ္မတ ဂျိုဗန်နယ်မွိုက်စ် နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြရာမှာ ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး လူတစ်ဦး သေဆုံးကာ ဒဏ်ရာရသူများစွာ ရှိခဲ့ပါတယ်။
ခဲတွေနဲ့ ပစ်ပေါက်ပြီး ခုခံဖီဆန်တဲ့ ဆန္ဒပြသူတွေကို ဟေတီအမျိုးသားရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရော်ဘာကျည်တွေသုံးပြီး ဖြိုခွင်းပါတယ်။
ကားတွေကိုပါ မီးရှို့တဲ့အထိ ဖြစ်ပွားပေါ်ပေါက်တဲ့ အခု ဆန္ဒပြမှုဟာ အမျိုးသားသူရဲကောင်း ဂျင်းဂျက်ကီဒက်ဆယ်လိုင်းရဲ့ မွေးနေ့မှာ ဖြစ်ပွားပေါ်ပေါက်တာလည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့ ဖခင်အဖြစ် အသိအမှတ်ပြုခံရတဲ့ ဒက်ဆယ်လိုင်းဟာ ၁၈၀၄ ခုနှစ်မှာ ဟေတီနိုင်ငံကို ပြင်သစ်လက်အောက်က လွတ်လပ်ရေးတောင်းဆိုခဲ့သူ ဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှု မြင့်မားတာနဲ့အတူ စီးပွားရေး အကျပ်အတည်းဆိုက်နေတဲ့ ဟေတီနိုင်ငံမှာ လောင်စာဆီပြတ်လပ်မှုတွေပါ ဖြစ်ပွားပေါ်ပေါက်နေပါတယ်။
ဆန္ဒပြသူတွေဟာ သမ္မတ ဂျိုဗန်နယ်မွိုက်စ် နုတ်ထွက်ရေး တောင်းဆိုတဲ့ စာတမ်းတွေ ကိုင်စွဲ ကြွေးကြော်ရင်း အမျိုးသားနန်းတော်ရာဆီ စုရုံးချီတက်ကြတာဖြစ်ပေမယ့် ရဲက တားဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး လူတစ်ဦး သေဆုံးကာ ထိခိုိက်ဒဏ်ရာရသူ အများအပြား ရှိခဲ့တာ ဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/