ညွန့်ပေါင်းဖွဲ့ရအောင် မဲရလဒ် မရှိတာကြောင့် ပူးတွဲအစိုးရဖွဲ့ရန် အဓိကယှဉ်ပြိုင်ဖက်ကို နေတန်ယာဟု တိုက်တွန်း

By AFP
19 September 2019
ညွန့်ပေါင်းဖွဲ့ရအောင် မဲရလဒ် မရှိတာကြောင့် ပူးတွဲအစိုးရဖွဲ့ရန် အဓိကယှဉ်ပြိုင်ဖက်ကို နေတန်ယာဟု တိုက်တွန်း

ဂျေရုဆလင်၊ စက်တင်ဘာ ၁၉ ။          ။ အစ္စရေးနိုင်ငံ ရွေးကောက်ပွဲ မဲရလဒ် အများစု ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်လောက်အောင် ရလဒ်မကောင်းတာကြောင့် လက်ရှိ ဝန်ကြီးချုပ် နေတန်ယာဟုက ၎င်းရဲ့ အဓိကယှဉ်ပြိုင်ဖက် ဘန်နီဂန့်ဇ်ကို ပူးပေါင်းအစိုးရ အတူဖွဲ့စည်းဖို့ ကြာသပတေးနေ့က တိုက်တွန်းပြောဆိုပါတယ်။

ဗီဒီယိုကနေ သတင်းစကားပါးရာမှာ နေတန်ယာဟုက သူ့အနေနဲ့ လက်ဝဲယိမ်း ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလိုပေမယ့် မဲရလဒ်ကြောင့် မဖြစ်နိုင်တော့ကြောင်း ပြောပါတယ်။

အင်္ဂါနေ့က ကျင်းပတဲ့ အစ္စရေးနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး နေတန်ယာဟုရဲ့ အခု ပြောဆိုချက်ဟာ ထင်သာမြင်သာတဲ့ ရွေးကောက်ပွဲရလဒ်ပဲ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် ရွေးကောက်ပွဲကတော့ နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ကာလရှည် တာဝန်ယူခဲ့သူ နေတန်ယာဟုရဲ့ အနေအထားက စိုးရိမ်စရာ ရှိလာတော့တာပဲ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲကာလမှာ ကျွန်တော်ဟာ လက်ဝဲယိမ်းအစိုးရ ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် ကံဆိုးစွာပဲ မဲရလဒ်က ဒီလို ဖွဲ့စည်းပုံ မဖြစ်နိုင်တော့ဘူး။”လို့ နေတန်ယာဟုက ပြောပါတယ်။
ဒီနောက်မှာ နေတန်ယာဟုဟာ ယှဉ်ပြိုင်ဖက် ဘန်နီဂန့်ဇ်ကို ပူးတွဲအစိုးရ ဖွဲ့စည်းဖို့ တိုက်တွန်းပြောဆိုတာ ဖြစ်ပါတယ်။

ဘန်နီဂန့်ဇ်ဖက်ကတော့ မတုံ့ပြန်သေးပေမယ့် သူဟာ ပူးတွဲအစိုးရ ပေါ်ပေါက်ရေးအတွက် ယခင်က အကြိမ်ကြိမ် တောင်းဆိုနေခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဘန်နီဂန့်ဇ်က နေတန်ယာဟုရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်ဆိုရင် ဘယ်သူက ဝန်ကြီးချုပ် ဖြစ်လာမလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါ။
နေတန်ယာဟုအနေနဲ့က အကျင့်ပျက်ခြစားမှု သံသယစွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly