စက်တင်ဘာ ၁၇။ ။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ လူအိုရုံတစ်ခုမှာ တနင်္ဂနွေနေ့ညက မီးလောင်မှုဖြစ်ခဲ့ရာမှာ အသက် ၁၀၀ နှစ်ရှိ အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဌာနေသတင်းစာတစ်ရပ်က ဖော်ပြပါတယ်။
အဲဒီ မီးလောင်မှုမှာ အမျိုးသမီးနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ အဆိုပါ သတင်းက ဖော်ပြပါတယ်။
အဲဒီ အမျိုးသမီးကြီးတွေဟာလည်း အသက် ၈၈ နှစ်နဲ့ ၉၆ နှစ်အရွယ်ရှိတဲ့ အဘွားအိုတွေဖြစ်ကြောင်း သိရပါတယ်။
အခု မီးလောင်မှုမှာ လူတစ်ချို့လည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရတာရှိသလို မီးခိုးမွှန်တာ ခံစားရသူတွေလည်း ရှိပါတယ်။
အဆိုပါ လူအိုရုံဟာ အသက် ၈၆ နှစ်အထက် လူကြီးတွေကို လက်ခံထားရာ လူအိုရုံပဲ ဖြစ်ပါတယ်။ မီးလောင်မှု ဖြစ်တာဟာ လူအိုရုံရဲ့ ဒုတိယထပ်မှာ ဖြစ်ပွားတာဖြစ်ပြီး အဲဒီအထပ်က တစ်ဦးဦးရဲ့ စီးကရက်မီးကနေ စတင်မီးလောင်ကျွမ်းတာ ဖြစ်နိုင်ပါတယ်။
အခု မီးဘေးကို မီးသတ်သမား ၁၅၀ ကျော်နဲ့ ငြိမ်းသတ်ခဲ့ရပြီး မီးသတ်သမားတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/