ဒီမိုကရေစီကို လျှောက်လှမ်းရာမှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့ အရေးကြီးပြီး လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီ မဖြစ်ဖို့ လိုတယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ ၁၅ရက်နေ့မှာ ကျရောက်တဲ့ ဒီမိုကရေစီနေ့ အခမ်းအနားမှာ တပ်မတော်အစုအဖွဲ့ရဲ့ စာတမ်းကို ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်က အခုလို ဖတ်ကြားသွားတာ ဖြစ်ပါတယ်။
အခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရစီနေ့ရဲ့ ဆောင်ပုဒ်ကတော့ “ ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” လို့ ဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ်-မင်းမင်း၊မဇ္ဈိမ
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60538