ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကူညီရန် မန်းဝန်ကြီးချုပ်တောင်းဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကူညီရန် မန်းဝန်ကြီးချုပ်တောင်းဆို

မန္တလေး၊ စက်တင်ဘာ ၁၂ ။         ။ စီပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တတ်နိုု်င်သမျှ အကူအညီ များပေးကြရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တောင်းဆို လိုက်သည်။

စက်တင်ဘာလ ၁၂ ရက် နံနက် ၈ နာရီက မန္တလေးမြို့ ၆၄လမ်းနှင့်၂ရလမ်းထောင့်ရှိ ORIENTAL HOUSE တွင်ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လုပ်ငန်းရှင်များထံ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့နိုင်ငံမှာမရှိမဖြစ် လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် စီးပွားရေး အောင်မြင်အောင် လုပ်တဲ့နည်းတူ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးကို ပါဝင်ဆောင်ရွက်ဖို့ လူတိုင်းမှာတာဝန်ရှိတယ်။ ကိုယ်ကျိုး စီးပွားအတွက်မဟုတ်ပါဘူး။နိုင်ငံတော်အတွက် တိုင်းရင်းသားတွေအတွက် ကျွန်တော်တို့ ပြည်ထောင်စုကြီး အတွက် ကျွန်တော်ထင်တယ်။ ငြိမ်းချမ်းရေးဟာ လူတိုင်းလုပ်ရမယ့်အလုပ်။အဲဒီထဲမှာ စီးပွားရေး လုပ်ငန်း ရှင်တွေလည်းပါတယ်။မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှကိုယ်ပါဝင်နိုင်တဲ့ ကိုယ်စွမ်း ဆောင်နိုင်တဲ့ အကူအညီပေးကြပါလို့ တစ်ချက် မှာကြားချင်ပါတယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကပြောသည်။

ဒီမိုကရေစီဆိုသည်မှာ အစိုးရက တတ်နိုင်သမျှ စီးပွားရေးလုပ်ငန်းများကို လက်ရှောင်နေသင့်သည်ဟု ခံယူ ထားကြောင်းလည်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

"စီးပွားရေးကို ဝင်မစွက်ရဘူး။ပေါ်လစီချရမယ်။အဲဒီချတဲ့ပေါ်လစီက ကောင်းမွန်ရမယ်။စီးပွားရေးလုပ်ငန်းရှင် အခန်းကဏ္ဍကို မြှင့်တင်ပေးရမယ်။"ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ထို့အပြင် အစိုးရအနေဖြင့် စီးပွားရေးအောင်မြင်စေရန် စီးပွားရေးအဖွဲ့အစည်း အသီးသီး၏ အကြံအဉာဏ် များရယူပြီး စီးပွားရေးအောင်မြင်အောင် ကြိုးစားဆောင်ရွက်နေသည်ဟုလည်း ဒေါက်တာဇော်မြင့်မောင် ကဆိုသည်။
Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required