Smart City Award 2019 ဆုအတွက် မန္တလေးမြို့ ရရှိ

Smart City Award 2019 ဆုအတွက် မန္တလေးမြို့ ရရှိ
(ဓာတ်ပုံ၊ဒေါက်တာရဲလွင်)

မန္တလေး၊ သြဂုတ် ၂၉ ။          ။ Asian - Oceanian Computing Industry Organization (ASOCIO) မှ ပေးအပ်သည့် Smart City Award 2019 ဆုကို မန္တလေးမြို့က ရရှိခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။

"ITနဲ့ ပတ်သက်တဲ့ စမတ်စီးတီး ဆု ကို ရတယ်။ ပြောင်းလဲတာချင်း အတူတူ နည်းပညာအသုံးပြု ပြောင်းလဲတာ ဆိုရင် စမတ်စီးတီးနဲ့ အကျုံးဝင်တယ်။ နေပျော်တဲ့မြို့ဖြစ်အောင်လုပ်တဲ့အခါ နည်းပညာကို အသုံးပြုရင် စမတ် စီးတီး ခေါင်းစဉ်တပ်တယ်။ ၃ နှစ်အတွင်း အမှိုက်များကို ယခင်ထက် ပိုမို ရှင်းလင်းလာနိုင်ခြင်း၊ အခွန်များကို စနစ်တကျ စိစစ် ကောက်ခံနိုင်ခြင်း၊နည်းပညာဖြင့် ယာဉ်များကို စနစ်တကျ နည်းပညာမြင့် မီးပွိုင့်များ အသုံးပြု နိုင်ခြင်း၊ အမှိုက်ကားများ စီမံခန့်ခွဲတာမျိုးတွေ မြန်မြန်ဆန်ဆန်ပြောင်းလဲအောင် လုပ်နိုင်တဲ့အတွက်ပေးတာ ဖြစ်တယ်။"ဟု ဦးရဲမြတ်သူက ပြောသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ဆောင်ချက် စွမ်းရည်များ ကြောင့် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်မှုကို အခြေခံကာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဦးရဲမြတ်သူက ဆိုသည်။

Asian - Oceanian Computing Industry Organization (ASOCIO) သည် ကွန်ပျူတာ စက်မှုလက်မှု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၈၄ ခုနှစ် ကတည်းက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့တွင် နယူးဇီလန်၊သြစတြေးရီးယား၊ဂျပန်၊ထိုင်ဝမ်း၊ကိုရီးယား၊စင်္ကာပူနှင့်မြန်မာနိုင်ငံစသည့် နိုင်ငံပေါင်း (၂၄) နိုင်ငံပါဝင်ကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly