ဝိန်းရွန်နီဟာ တနင်္ဂနွေနေ့က နိုက်ကလပ်တစ်ခုမှာ အနက်ရောင်ဆံပင်ရှည် အမျိုးသမီးတစ်ဦးနဲ့ ပျော်ပါးခဲ့ပြီးနောက် နာရီအနည်းငယ်အကြာမှာ ဇနီးဖြစ်သူ ကောလင်းရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ The Sun က ဖော်ပြပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ကော်လင်းဟာ အမေရိကန်ကို ချက်ချင်းလိုက်လာခဲ့ပြီး ရွန်နီနဲ့ တွေ့ဆုံကာ ဒါဘီအသင်းနဲ့ အိမ်ရှိရာကို အမြန်ပြန်လာဖို့ တောင်းဆိုခဲ့ပါတယ်။
ရွန်နီဟာ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားက နိုက်ကလပ်နှစ်ခုမှာ (၇)နာရီလောက် ပါတီပြုလုပ်ပြီးနောက် အနက်ရောင်ဆံပင်ရှိတဲ့ အဖြူရောင်ဘောင်းဘီရှည်ဝတ် အမျိုးသမီးတစ်ဦးနဲ့အတူ သူ့ရဲ့ ဟိုတယ် ဓာတ်လှေကားရှေ့မှာ ရပ်နေတဲ့ သတင်းဓာတ်ပုံတွေရယ် နိုက်ကလပ်က ပျော်ပါးေနတဲ့ ပုံတွေကို ကောလင်းက မြင်တွေ့ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဟာ နိုက်ကလပ်မှာ ဒီစီယူနိုက်တက် ကစားဖော်တွေနဲ့အတူ ပျော်ပါးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရွန်းနီဟာ ဒီစီယူနိုက်တက်အသင်းနဲ့အတူ ယခုရာသီကုန်အထိ ကစားပြီးပါက လာမယ့် ဇန်နဝါရီမှာ ဒါဘီအသင်းမှာ ကစားသမား လက်ထောက်နည်းပြအဖြစ် ကစားမယ့်သူဖြစ်ပါတယ်။
ဒါပေမယ့် ကော်လင်းက ရွန်းနီကို ချက်ချင်း သူမရှိတဲ့ အိမ်ကို ပြန်လာပြီး သူတို့ရဲ့ ကလေး (၄)ရောက်နဲ့အတူ နေဖို့ သတိပေးခဲ့တာလည်းဖြစ်ပါတယ်။
မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဒီစီယူနိုက်တက်နဲ့ ပူးပေါင်းခဲ့ပြီးနောက်ပိုင်း (၄၁)ပွဲကစား၊ (၂၃)ဂိုး သွင်းယူထားခဲ့ပါတယ်။