(၆၈)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအရပ်ဖက်အဖွဲ့အစည်းများညီလာခံသို့ IBEC ဆရာတော် တက်ရောက်

(၆၈)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအရပ်ဖက်အဖွဲ့အစည်းများညီလာခံသို့ IBEC ဆရာတော် တက်ရောက်

မုံရွာ ၊ သြဂုတ် ၂၇ ။         ။ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ်၊ Salt Late မြို့၊ Salt Palace Convention Center ၌ကျင်းပသော (၆၈)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအရပ်ဖက်အဖွဲ့အစည်းများညီလာခံသို့ မြန်မာနိုင်ငံမှ IBEC ဆရာတော် တက်ရောက်ခဲ့သည်။

အဆိုပါ ညီလာခံကို အမေရိကန်ပြည်ထောင်စု Utah ပြည်နယ်အစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့မှကြီးမှူး၍ သြဂုတ်လ ၂၅မှ ၂၆ ရက်နေ့အထိကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်ဒေါက်တာအရှင်သောဘိတ အပါအဝင် နိုင်ငံပေါင်း(၁၈ဝ)၊ အရပ်ဖက် အဖွဲ့အစည်းပေါင်း (၁ဝဝဝ) ကျော်မှ ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်နေသော ကမ္ဘာအရပ်ရပ်မှ ပုဂ္ဂိုလ်စုစုပေါင်း (၅ဝဝဝ)ကျော်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

IBEC-ဆရာတော်သည် Salt Late City မြို့တော်ဝန် မဒမ် ဂျက်ကီဘစ်ကုစကီ၊ အစည်းအဝေးကျင်းပရေး ကော်မတီဥက္ကဋ္ဌ မဒမ် Maruxa Cardamaနှင့်ကမ္ဘာ့ကုလသမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်တို့နှင့် သီးသန့်တွေ့ဆုံစဉ် အရပ်ဖက်အဖွဲ့အစည်းကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ ဆိုရှယ်မီဒီယာကဏ္ဍများကို ဆွေးနွေးခဲ့ပြီး နိုင်ငံတကာမှပညာရှင်များ အရပ်ဖက်အဖွဲ့အစည်းအသီးသီး၏တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

" ကမ္ဘာကြီးငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ ကျားမ ခွဲခြားဆက်ဆံမူမရှိရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူငယ်တို့အနာဂတ်အရေးပါပုံ၊ ရေရှည်တည်တံ့ဖွံ ့ဖြိုးရေးအတွက် ဂလိုဘယ်ဆက်သွယ်မူကွန်ရက်သည် တန်ဖိုး ကြီးကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့်အဆက်အသွယ်ပြတ်တောက်နေသလိုဖြစ်နေရခြင်းမှာ ကမ္ဘာ့ အဖွဲ့အစည်းများကချန်ထားခဲ့ပြီး အပြစ်တင်မူများကြောင့်ဖြစ်ကြောင်း တွဲခေါ်ဖို့လိုအပ်သလို စာနာ နားလည် ပေးရန်နှင့်ပညာရေးပူးပေါင်းဆောင်ရွက်ကြရန် Civil Society အားကောင်းအောင် ကူညီကြရန် ဆွေးနွေး ခဲ့ပါတယ်”ဟု ဆရာတော်မှ မဇ္စျိမသို့ မိန့်ကြားသည်။

ထို့အပြင် ညီလာခံသို့ မြန်မာနိုင်ငံမှအရပ်ဖက်အဖွဲ့အစည်းများကို ပူးပေါင်းပါဝင်စေရေးအတွက် အထူး တိုက်တွန်းသလို ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအနေဖြင့် ထူးထူးခြားခြား တက်ရောက်လာသည်ကို တွေ့ရ သဖြင့်ဝမ်းမြောက်ကြောင်းနှင့် ကမ္ဘာကြီးက အထင်မြင်လွဲမှားနေမူကို ဖြေရှင်းရန် ကမ္ဘာ့စက်ဝန်းထဲ ပူးပေါင်းကာ ဂလိုဘယ်မီဒီယာဖြင့် တင်ပြသင့်ကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီကပြန်လည် အကြံပြုခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required