ဟောင်ကောင်၊ သြဂုတ် ၇ ။ ။ ဟောင်ကောင်မှာ အစိုးရဆန့််ကျင်တဲ့ ဆန္ဒပြသူတွေကို ထောက်ခံပြီး ဟောင်ကောင်ရှေ့နေတွေဟာ သြဂုတ် ၇ ရက်မှာ အသံတိတ် ချီတက်ဆန္ဒပြကြပါတယ်။
အခု ဆန္ဒပြကြတဲ့ ရှေ့နေတွေဟာ ဟောင်ကောင်ရဲ့ တရားရေးဌာန လွတ်လပ်မှုကို အာမခံဘေးကင်းဖို့ အစိုးရကိုလည်း တောင်းဆိုလိုက်ပါတယ်။
ဟောင်ကောင်ရဲ့ တရားရုံးချုပ်ကနေ တရားရေးဌာန အတွင်းဝန်ရုံးဆီ ခြစ်ခြစ််တောက် ပူပြင်းတဲ့ နေရောင်အောက်မှာ အင်္ကျီနက်တွေ ဝတ်ဆင်ထားတဲ့ ရှေ့နေ ရာပေါင်းများစွာက ချီတက်ခဲ့ကြတာပါ။
ဟောင်ကောင်မှာ အာဏာပိုင်တွေက တရုတ်ပြည်မကြီးဆီ တရားခံလွှဲပြောင်းတဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့ လုပ်ဆောင်တာကို ကန့်ကွက်ရင်း ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားပေါ်ပေါက်လာလျက်ရှိနေပါတတယ်။
ဒီ ဥပဒေကြမ်းကို ခုချိန်မှာ ရုပ်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ဆန္ဒပြပွဲတွေဟာ ကာရီလမ်းဦးဆောင်တဲ့ အစိုးရ နုတ်ထွက်ရေးအထိ တောင်းဆိုဆန္ဒပြလာတော့တာပဲ ဖြစ်ပါတယ်။
အခု ချီတက်ဆန္ဒပြကြတဲ့ ရှေ့နေတွေက ၎င်းတို့အနေနဲ့ တရားစီရင်ရေးမှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို တောင်းဆိုဆန္ဒပြတာတွေကို ထောက်ခံခြင်းဖြစ်သလို ဟောင််ကောင်ရဲ့ တရားစီရင်ရေးမှာ နိုင်ငံရေးစွက်ဖက်မှုတွေကို ဆန့််ကျင်ရင်း ချီတက်ကြတာလည်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။