- ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့တဲ့ကိစ္စ စုံစမ်းစစ်ဆေးမှုတွေအတွင်း သမ္မတ Trump က တရားရေးလုပ်ငန်း တွေမှာ နှောက်ယှက်မှုနဲ့ အပြစ် လုံးဝမရှိဘူးလို့ ကံသေကံမ ပြောနိုင်တာမျိုး မရှိတဲ့အကြောင်း ဒီကိစ္စ အထူးစုံစမ်းစစ်ဆေးခဲ့သူ Robert Mueller က ဗုဒ္ဓဟူးနေ့က လွှတ်တော်ကြားနာပွဲအတွင်း ပြောဆိုသွားပါတယ်။
- ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ်အဖြစ် Boris Johnson ဗုဒ္ဓဟူးနေ့က တရားဝင် စတင် တာဝန်ယူပါတယ်။
- ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုကြား နှစ်နဲ့ချီဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးပဋိပက္ခ အဆုံးသတ်နိုင်ဖို့အတွက် ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံကိုသွားရောက်ပြီး နှစ်ရက်ကြာ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က ပြောဆိုလိုက်ပါတယ်။