ဂါရတ်ဘေးလ်ဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ICC ပွဲစဉ်မှာ ရီးယဲလ်အသင်း ပြန်လာအောင် စွမ်းဆောင်ခဲ့ပေမယ့်လည်း ဇီဒန်းက ဝေလ်ကြယ်ပွင့်ကစားသမားရဲ့ အခြေအနေဟာ “ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အဆန်ဆီယိုရဲ့ ဒဏ်ရာအခြေအနေဟာ ယခုနွေရာသီမှာ ဘာနေဗျူးကနေ ဘေးလ် ထွက်ခွာသွားဖို့ကို ထိခိုက်လိမ့်မှာ မဟုတ်ဘူးလို့လည်း ရီးယဲလ်နည်းပြ ဇီဒန်းက အခိုင်အမာ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ရီးယဲလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ (၅၆)မိနစ်အထိ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ ဘေးလ်နဲ့ အဆန်စီယိုတို့ နှစ်ဦးလုံးက ဂိုးသွင်းယူနိုင်ခဲ့ကြတာကြောင့် ရီးယဲလ်အသင်း ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့အပြင် တရုတ်ကလပ်တွေကပါ ခေါ်ယူဖို့ ပစ်မှတ်ထားခံရတဲ့ ဘေးလ်အတွက် ပြန်လမ်းမရှိသလို ယခုနွေရာသီမှာ သူဟာ အသင်းမှ ထွက်သွားနိုင်တယ်လို့ ဇီဒန်းက ပြောခဲ့ပါတယ်။
ဇီဒန်းက “သူ(ဘေးလ်) ကောင်းမွန်တဲ့ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်။ သူ့အတွက် ကျနော် ပျော်ရွှင်မိပါတယ်။ ကျနော်တို့ တစ်ယောက်ထုတ်ခဲ့ရပြီးတာတောင် ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ၁၀ ယောက် ၁၀ ယောက် ရင်ဆိုင်ရတာက ပိုကောင်းမွန်ပါတယ်။ သူက ကျနော်တို့နဲ့အတူ ရှိနေပြီး ဆက်လက်ပြီး အလုပ်လုပ်သွားမှာပါ။
“ဟုတ်ပါတယ်။ သူက ဒီမှာပါ။ အခုအချိန်မှာ သူက ကျနော်တို့နဲ့အတူ ရှိပါတယ်။ သူ ကစားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ဒီနေ့ကစားချင်ခဲ့လို့ပါ။ အခြားရက်က သူ မကစားချင်ဘူး ..... သူ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။
“ဒီကနေ့ သူ ကစားခဲ့တယ်။ ဆုံးဖြတ်ချက်က ကျနော်ပါ။ သူက အစိတ်အပိုင်းတစ်ခုအနေနဲ့ ကစားခဲ့ပြီး ဘာတွေဖြစ်ပျက်လာမလဲဆိုတာ ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်။ ဘာမှ ပြောင်းလဲမသွားပါဘူး။ အခြေအနေက ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျား သိမှာပါ။ ခင်ဗျားတို့ကို တူညီတဲ့ အကြောင်းအရာကိုပဲ ကျနော် အမြဲပြောပါလိမ့်မယ်။”
Ref; The Mirror