"ဒီမိုကရေစီကို အနိုင်ကျင့်တာ မဟုတ်ဘူး။ စာအုပ်အစိမ်းကြီးနဲ့ ကျွန်တော်တို့ကို အနိုင်ကျင့်ထားတာ။ နောက်တစ်နည်း ပြောမယ်။ တပ်မတော်နဲ့ ပြည်သူကို သွေးခွဲထားတာ။ အဲ့ဒီတော့ ကျွန်တော်က ဒီကပြောချင်တယ်။ တပ်မတော်ကြီးကို ကြည်ညိုချင်ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးပါ။" ~စာရေးဆရာ ဒေါင်းမာန်ဟုန်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၄၅ ဦးကော်မတီမှ တင်သွင်းလာသည့် အစီရင်ခံစာအား ထောက်ခံကြိုဆိုပွဲတစ်ရပ်ကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများစုပေါင်းပြီး ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံဘေးရှိ ယာဉ်ရပ်နားသည့် နေရာတွင် ပြုလုပ်ခဲ့ကြသည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)