ဗစ်တိုးရီးယားအတွက် ဆုတောင်းပွဲ စင်ကာပူမှာ ပြုလုပ်မယ်

ဗစ်တိုးရီးယားအတွက် ဆုတောင်းပွဲ စင်ကာပူမှာ ပြုလုပ်မယ်
ဓာတ်ပုံ- P Myat Thaw & Justice for Victoria

ဇူလိုင် ၈ ။          ။ ဗစ်တိုရီးယားအတွက် မွေးနေ့ပွဲတစ်ရပ်ကို လာမဲ့ ဇူလိုင် ၁၄ ရက်မှာ စင်ကာပူမှာ ပြုလုပ်သွားမှာဖြစ်ပြီး ကလေးငယ်နဲ့မိသားစု စိတ်အင်အား ဖြစ်စေရန် ဆုတောင်းစကားတွေ ပေးပို့သွားမယ်လို့ သိရပါတယ်။

လာမဲ့ ဇူလိုင် ၁၄ ရက်နေ့၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ Somersetမှာ ပြုလုပ်သွားမယ်လို့ လတ်တလော သိရပြီး မွေးနေ့ပွဲ အမှတ်တရ ဗီဒီယို ရိုက်ကူးကာ ဗစ်တိုးရီးယားအတွက် ကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညိုမှ တဆင့် မိသားစုထံ ပေးပို့သွားမယ်လို့ သိရပါတယ်။

“ စိတ်အားငယ်နေတဲ့ ကလေးလေးနဲ့သူ့ရဲ့မိသားစုကို ကျတော်တို့ရဲ့ ဆုတောင်းသံတွေနဲ့ စိတ်အင်အားဖြစ်စေဖို့ ပဲရည်ရွယ်ပါတယ်”

ဒါ့အပြင်  ဆုတောင်းစကားနဲ့  အမှန်တရားအတွက် တောင်းဆိုတဲ့စာတွေ ရေးကြဖို့ စာအုပ် ၂ အုပ် ပြင်ဆင်ထားမယ်လို့ စီစဉ်သူတစ်ဦးဖြစ်တဲ့ P Myat Thaw က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စာအုပ် တစ်အုပ်ကို ဗစ်တိုးရီးယားမိသားစုဆီပို့ပြီး ကျန်တဲ့ တစ်အုပ်ကို နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနကို ပေးပို့သွားမယ်လို့ သိရပါတယ်။

“ စိတ်အားငယ်နေတဲ့ ကလေးလေးနဲ့သူ့ရဲ့မိသားစုကို ကျတော်တို့ရဲ့ ဆုတောင်းသံတွေနဲ့ စိတ်အင်အားဖြစ်စေဖို့ ပဲရည်ရွယ်ပါတယ်” လို့ ဦးဆောင်သူ P Myat Thaw က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဆန္ဒပြသွားမှာ မဟုတ်ဘဲ ပါဝင်တဲ့သူတွေစာရင်းကို ဇူလိုင် ၈ ရက်က စာရင်းပိတ်လိုက်ပြီလို့ သိရပြီး ပါဝင်လိုသူ လူအရမ်းများနေတဲ့အတွက်ကြောင့်လို့ သိရပါတယ်။

စီစဉ်သူများအနေဖြင့် အကျႌအထည် ၅၀ နဲ့ ခန်းမ စီစဉ်ထားပြီး အဲဒီနေ့ လာရောက်သူတွေကို အဖြူရောင် အင်္ကျီတွေကို ဝတ်ဆင်လာဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက နေပြည်တော်ရှိ မူကြိုကျောင်း တက်ရောက်နေတဲ့ အသက် ၂ နှစ် ၁၁ လအရွယ် ကလေးငယ်တစ်ဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံဒေသအတော်များများတွင် Justice for Victoria လှုပ်ရှားမှု ပြုလုပ်လာပြီး စင်ကာပူရောက်မြန်မာတွေကပါ ကြိုးစားပြုလုပ်လာတာ ဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly