ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ရလဒ်
ဘရာဇီးလ် ၂-၀ အာဂျင်တီးနား
ဂျီးဆပ်စ် ၁၉ မိနစ်
ဖာမီနို ၇၁ မိနစ်
အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲ (၅)ကြိမ်မှာ (၄)ကြိမ်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ၁၉၉၃ ခုနှစ်နောက်ပိုင်း ဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပဲ ဒီနှစ် ဘရာဇီးလ်မှာ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဘရာဇီးလ်အသင်းဟာ ကိုပါမေရိကဗိုလ်လုပွဲကို ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည် တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြိမ် (၂၀)မြောက် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။