ဇူလိုင် ၂ ။ ။ ယမန်နေ့က ဟောင်ကောင်ဆန္ဒပြမှုအတွင်း ဆန္ဒပြသူတွေဘက်က အလွန်အကျွံ အကြမ်းဖက်မှု၊ ဖျက်လိုဖျက်ဆီး လုပ်မှုတို့အပေါ် အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၂ ရက်မှာ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။
ဇူလိုင် ၁ ရက်က ဟောင်ကောင်မှာ ဆန္ဒပြသူတစ်ချို့က ပါလီမန်အဆောက်အအုံကို ချိုးဖျက်စီးနင်း ဖျက်ဆီးခဲ့မှုအပေါ် ဟောင်ကောင် ခေါင်းဆောင်က ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမျိုး ဖျက်ဆီးမှု မြင်ကွင်းတွေက ပြည်သူလူထုကို တုန်လှုပ်ထိတ်လန့်ကြေကွဲစေကြောင်း ခေါင်းဆောင် ကာရီလမ်က ပြောသွားပါတယ်။
တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်မှာတော့ တရုတ်ဆီ တရားခံလွှဲပေးရေး ဥပဒေကြမ်းတစ်ရပ်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကြီးမားတဲ့ ဆန္ဒပြမှုတွေနဲ့အတူ အကျပ်အတည်းအောက် ရောက်ရှိနေလျက် ရှိပါတယ်။
ယမန်နေ့က ဟောင်ကောင်ကို ဗြိတိသျှလက်ကနေ တရုတ်ထံ လွှဲပေးမှု ၂၂ နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်အခိုက်သမယမှာ ယင်းမြို့တွင်း ဆန္ဒပြမှုတွေ ပိုမိုအရှိန်မြင့်ခဲ့ပြီး လူငယ်ဆန္ဒပြသူတွေက ဥပဒေပြု ကောင်စီ အဆောက်အအုံကို ရိုက်ချိုးဖျက် ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ယင်းနောက် အဓိကရုဏ်းရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး အဆောက်အအုံထဲ ဝင်လာသူတွေကို နှင်ထုတ်မှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။