ငြိမ်းချမ်းရေးနိုဘယ်ဆုကို တူနီးရှားအမျိုးသားတွေ့ဆုံဆွေးနွေးရေး လေးပွင့်ဆိုင်အဖွဲ့ရရှိ

ငြိမ်းချမ်းရေးနိုဘယ်ဆုကို တူနီးရှားအမျိုးသားတွေ့ဆုံဆွေးနွေးရေး လေးပွင့်ဆိုင်အဖွဲ့ရရှိ

အော်စလို၊ အောက်တိုဘာ ၉ ။             ။ ၂၀၁၁ ခုနှစ်က စပယ်တော်လှန်ရေးအပြီး ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေး ၎င်း၏ဆောင်ရွက်များအတွက် တူနီးရှားနိုင်ငံ၏ အမျိုးသားတွေ့ဆုံဆွေးနွေးရေး လေးပွင့်ဆိုင်အဖွဲ့ (National Dialogue Quartet) သည် အောက်တိုဘာ ၉ ရက်နေ့က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိကြောင်း နိုဘယ်ကော်မတီက ထုတ်ပြန်ခဲ့သည်။

အဆိုပါလေးပွင့်ဆိုင်အဖွဲ့ကို တူနီရှားအထွေထွေအလုပ်သမားသမဂ္ဂ(UGTT)၊ တူနီရှားစက်မှု၊ ကုန်သွယ်ရေးနှင့် လက်မှုပညာအဖွဲ့(UTICA)၊ တူနီရှားလူ့အခွင့်အရေးအဖွဲ့ချုပ် (LTDH) နှင့် တူနီရှားရှေ့နေများအဖွဲ့တို့ပါဝင်သည်။ ၂၀၁၃ခုနှစ်၊ နွေရာသီကဖွဲ့စည်းခဲ့သော ၎င်းအဖွဲ့သည် နိုင်ငံပြိုကွဲမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန် တူနီးရှားတွင် ဒီမိုကရေစီလုပ်ငန်းစဉ်များကို ပံ့ပိုးဆောင်ရွက်ခဲ့သည်ဟု ကော်မတီက ပြောသည်။

"နိုင်ငံက ပြည်တွင်းစစ်နုတ်ခမ်းမှာ ရှိနေချိန်မှာ အဲဒီအဖွဲ့က ရွေးချယ်စရာ ငြိမ်းချမ်းတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်"ဟု ကော်မတီ၏ အကြီးအကဲ ကာချီကားလ်မဲန်ဖိုက်က ပြောသည်။

အထူးသဖြင့် ယခုဆုမှာ ကြီးမားသည့်စိန်ခေါ်မှုများရှိလင့်ကစား အမျိုးသားချစ်ကြည်မှုအတွက် အုတ်မြစ်ချပေးခဲ့သည့် တူနီးရှားပြည်သူများကို အားပေးသည့်အနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အခြားနိုင်ငံများအတူယူစေရန်လည်း ကော်မတီက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဆွီဒင်ငွေ ကရောင်း ရှစ်သန်း( အမေရိကန်ဒေါ်လာ ၉၇၂,၀၀၀)တန်ဘိုးရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒီဇင်ဘာ ၁၀ ရက်တွင် အော်စလိုတွင် ပေးအပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly