သစ်တောမီးများငြိမ်းသတ်ရန် အင်ဒိုနီးရှားကို ခြောက်နိုင်ငံကူညီမည်

သစ်တောမီးများငြိမ်းသတ်ရန် အင်ဒိုနီးရှားကို ခြောက်နိုင်ငံကူညီမည်

ဂျာကာတာ၊ အောက်တိုဘာ ၉ ။           ။ အရှေ့တောင်အာရှ၏ အစိတ်အပိုင်းများစွာတွင် ထူထပ်သောမီးခိုးများ အုပ်ဆိုင်းမှုကို ဖြစ်ပေါ်စေသော သစ်တောမီးများကို ငြိမ်းသတ်ရာတွင် အင်ဒိုနီးရှားကို အကူအညီပေးရန် စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျနှင့် ရုရှားအပါအဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံက ကမ်းလှမ်းထားသည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဆူမတြားရှိ ရီယောသို့သွားရောက်သည့် ခရီးစဉ်တွင် အောက်တိုဘာ ၉က ပြောကြားခဲ့သည်။

စင်ကာပူသည် အောက်တိုဘာ ၉က လီတာ ၅,၀၀၀ဆန့်ပုံးတစ်ခုနှင့် အတူ ချင်းနွတ်ရဟတ်ယာဉ်ပို့လိုက်ပြီး ထိုနေ့ညနေ ၃နာရီတွင် ပါလင်မ်ဘန်သို့ ရောက်ရှိသည်ဟု အင်ဒိုနီးရှား၏ အမျိုးသားကပ်ဘေး စီမံခန့်ခွဲမှုအေဂျင်စီက ပြောသည်။ ရဟတ်ယာဉ်အပြင် စင်ကာပူသည် ၎င်းမြို့ပြကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၄၂ဦးကို တင်ဆောင်လာသော Hercules C-130 လေယာဉ်တစ်စင်းလည်း ပို့မည်ဟု ဆိုသည်။

အခြားနိုင်ငံများမှ အကူအညီများလည်း အောက်တိုဘ ၁၁ တွင် အင်ဒိုနီးရှားသို့ စတင်ရောက်ရှိနိုင်သည်ဟု သမ္မတဝီဒိုဒို၏ ပြောကြားချက်ကို ကိုးကား၍ အန်တာရာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တောင်ဆူမတြားပြည်နယ်ရှိ တောမီးများငြိမ်းသတ်ရေး စူးစိုက်သော ယင်းအကူအညီများတွင် ရေကီလိုဂရမ် ၁၀,၀၀၀ကျော် သယ်ယူနိုင်သော ရေဗုံးကြဲလေယာဉ်များပါဝင်သည်။

မလေးရှားကလည်း ကုန်းရေနှစ်သွယ်လေယာဉ်တစ်စင်း၊ Hercules C-130 လေယာဉ်တစ်စင်းနှင့် တိုင်းတာရေးရဟတ်ယာဉ်တစ်စင်းတို စေလွှတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly