KBZ Pay အကြောင်း မဟာဘောဂငွေရေးကြေးရေးလုပ်ငန်းအဖွဲ့အစည်းက ဘဏ္ဍာရေးမှူး ဖြစ်သူ မပန်ပပနှင့် မဇ္ဈိမက တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
မဟာဘောဂ ငွေရေးကြေးရေးလုပ်ငန်းအဖွဲ့အစည်း (MBF) အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှ မတူကွဲပြား ခြားနားတဲ့ ငွေချေးသူတွေအတွက် ကဏ္ဍပေါင်းစုံပါဝင်တဲ့ ချေးငွေပေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုနဲ့ ချမ်းသာပိုင်ဆိုင်မှုစီမံခန့်ခွဲရေး စတဲ့ဝန်ဆောင်မှုအမျိုးမျိုးပေးနေတဲ့ ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ MBF က လခစားဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းငယ်တွေ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းတွေနဲ့ ကော်ပိုရိတ်လုပ်ငန်းစုအလတ်နှင့် အကြီးစားစတဲ့ နယ်ပယ်အသီးသီး မှ ကွဲပြားတဲ့ ငွေချေးသူတွေအတွက် ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိနေပါတယ်။
ရိုက်ကူး၊မေးမြန်း-ထွန်းထွန်းဝင်း