ကျောင်းသားလူငယ်များအကြား အရက်နှင့် ကွမ်းယာ၊ ဆေးလိပ် သောက်သုံးမှု သိသိသာသာ မြင့်တက်နေ

13 June 2019
ကျောင်းသားလူငယ်များအကြား အရက်နှင့် ကွမ်းယာ၊ ဆေးလိပ် သောက်သုံးမှု သိသိသာသာ မြင့်တက်နေ

ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့ စစ်တမ်းအရ ဆယ်နှစ်အတွင်း ကျောင်းသားလူငယ်တွေကြားမှာ အရက်အပါအဝင် ကွမ်းယာ၊ ဆေးလိပ် သောက်သုံးမှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကျောင်းကျန်းမာ(တာဝန်) ဒေါက်တာစိုးမင်းဦးက ပြောပါတယ်။

ဒီအတိုင်းသာဆိုရင် နောက်ဆယ်နှစ်မှာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဒါတွေကို ထိန်းချပြ်ဖို့ ကျောင်းကျန်းမာရေးမူဝါဒတွေ၊ ဥပဒေတွေ လိုအပ်တယ်လို့ ဒေါက်တာစိုးမင်းဦးက သုံးသပ်ပါတယ်

နေပြည်တော်၊ MICC-2မှာ ဇွန်လ ၁၂ရက်က ကျင်းပတဲ့ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ခေတ္တရပ်နားချိန်မှာ ဒေါက်တာစိုးမင်းဦးက အခုလို ပြောကြားလိုက်တာပါ။

ဒါဟာ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်လာပြီး တစ်ကယ်လို့သာ မလုပ်နိုင်ဘူးဆိုရင် လူငယ်တွေရဲ့အနာဂတ်ဟာ ပိုပြီး ဆိုးရွားလာလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

(ရိုက်ကူး/မင်းမင်း/မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly