မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ပြီးနောက် သတ်ခဲ့သူဟု ယူဆရသူကို ဖမ်းဆီးရမိ

မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ပြီးနောက် သတ်ခဲ့သူဟု ယူဆရသူကို ဖမ်းဆီးရမိ

ပွင့်ဖြူ၊ ဇွန် ၅ ရက် ။          ။ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ခဲ့သူဟု ယူဆရသူအား ၁၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ ကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ….ကျေးရွာတွင်  ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၂ ရက်နေ့တွင် ရွာတောင်ဘက်ရေမြောင်းအတွင်း အဝတ်မပါသော မိန်းကလေးအလောင်းတွေ့ရှိရာမှ စစ်ဆေးစုံစမ်းခဲ့ပြီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါရွာနေ ဒေါ်ဇင်မာဦး၏ သမီးဖြစ်သူ မ………မှာ ဇွန် ၂ ရက်နေ့ ည ၈ နာရီခန့်တွင် ရွာစျေးဆိုင်တွင် TV သွားကြည့်ရန် မိခင်အား ခွင့်တောင်းခဲ့ကြောင်း၊ ည ၁၁ နာရီခန့်ထိ နေအိမ်ပြန်ရောက်မလာသဖြင့် စျေေးဆိုင်အား သွားရောက်မေးမြန်းရာ ရောက်ရှိမလာကြောင်း မိဘများမှ သိခဲ့ရသည်။

“ ဇွန်လ ၂ ရက်နေ့၊ ၉ နာရီလောက်မှာ ကျေးရွာတောင်ဘက် တောင်မုန်းမြောင်းမကြီးအတွင့်းမှာ မိန်းကလေးအလောင်းတွေ့တယ်လို့ လူတစ်ယောက်က လာရောက်သတင်းပေးတဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တဲ့အခါကျမှ မိဘတွေက သူ့သမီးဖြစ်နေတာကို သိခဲ့ရတယ်” ဟု မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညီညီဝင်းက ပြောသည်။

သေသူ၏ လည်ပင်းတွင် ဒဏ်ရာတွေ့ရှိသောကြောင့် ပ ၅၁/၂၀၁၉ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး စစ်ဆေးရာ အဓမ္မပြုကျင့်ခံရသော လက္ခဏာများ တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

“ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တဲ့အခါ ပွင့်ဖြူဆေးရုံကို ပို့တယ်။ ကလေးမလည်ပင်းမှာ ညိုမည်းဒဏ်ရာ၊ နှာခေါင်းက အမြှုပ်ထွက်နေတယ်။ မအင်္ဂါမှာလည်း ဒဏ်ရာတွေ့နေတဲ့အတွက် ကျွန်တော်တို့က ဆရာဝန်ကြီးကို ထပ်မံစစ်ဆေးစေခဲ့တဲ့အခါမှာ Rape လုပ်ထားတဲ့လက္ခဏာကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရတယ်၊ တွေ့ခဲ့ရတဲ့အတွက် ပုဒ်မ ၃၀၂ ကနေ ပုဒ်မ ၃၀၂/၃၇၆ ကို ပြောင်းလဲစစ်ဆေးခဲ့တာပါ”  ဟု မင်းဘူးခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညီညီဝင်းက ပြောသည်။

လက်ရှိတွင် ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေပြီး တစ်ရွာတည်းနေ ညီညီ ဆိုသူ ဖြစ်ကြောင်း ထပ်မံသိရသည်။

“ လတ်တလော တရားခံကို ဖမ်းဆီးစစ်ဆေးနေပါတယ်၊ တရားခံကတော့ ဇီးကိုင်းတစ်ရွာတည်းနေ ဦးသောင်းထွန်းရဲ့သား ညီညီ ၃၃ နှစ်ဖြစ်ပါတယ်၊ ပြစ်မှုကျုးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ ဖမ်းဆီးပြီး တရားစွဲဆိုနိင်ရန် ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ဒုရဲမှူးကြီးညီညီဝင်းက ဆိုသည်။

အဆိုပါအမှုကို အားလုံးပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ၁၄ နာရီအတွင်း ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်မှ ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly