ဇွန် ၅ ။ ။ စင်ကာပူမှာ မအောင်မြင်ခဲ့တဲ့ bike-sharing ကုမ္ပဏီတွေဖြစ်တဲ့ ofo နဲ့ oBike တို့ဆီက စက်ဘီးစီးရေ ၁၀,၀၀၀ ကို မြန်မာနိုင်ငံတွင်းက ချို့တဲ့နွမ်းပါးတဲ့ ကျောင်းသားကလေးငယ်တွေကို လက်ဆောင်အဖြစ် ပေးအပ်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက non-profit အကျိုးအမြတ်မယူ အဖွဲ့ Lesswalk က ပြီးခဲ့တဲ့ ဧပြီလက ယင်းစက်ဘီးတွေကို ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
ယခုအခါ ယင်း ဝယ်ယူထားတဲ့ စက်ဘီးတွေကို ဇွန်လ ကုန်ပို်င်းကစလို့ ကျောင်းသားတွေကို စတင် ပေးသွားတော့မှာ ဖြစ်ပါတယ်။
Ofo နဲ့ obike တို့ စင်ကာပူနဲ့ မလေးရှားတို့မှာ တပ်ခေါက်ခဲ့ရပြီးနောက်ပိုင်း အသုံးမပြုရသေးဘဲ ရှိနေတဲ့ စက်ဘီးတွေကို လက်ဝယ်ထိန်းသိမ်းရင်း ကျန်နေရစ်ခဲ့တဲ့ warehouse operators တွေလို third-parties တွေဆီကနေ ယခု စက်ဘီးတွေကို ပြန်ဝယ်ခဲ့တာဖြစ်ပါတယ်။
Lesswalk တည်ထောင်သူ ဦးသန်းထွန်းဝင်းကတော့ ဒီ စက်ဘီးတွေကို ကျေးလက်ဒေသ ရွာတွေဆီ ပေးပို့ဖြန့်ဝေပေးဖို့ ရည်ရွယ်နေပါတယ်။
စာသင်ကျောင်းနဲ့ ၂ ကီလိုမီတာ ကွာဝေးတဲ့နေရာတွေမှာ နေထိုင်နေကြရတဲ့ ကျောင်းသား၊ သူတွေ၊ အသက် ၁၃ နှစ်နဲ့ ၁၆ နှစ် ကြား ကလေးငယ်တွေကို ဒီ စက်ဘီးစီးရေ ၁၀,၀၀၀ ကို အဓိက ခွဲဝေပေးသွားမယ်လို့ သိရပါတယ်။