တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲ

02 June 2019
တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲ

ဒုတိယအကြိမ်မြောက် တက္ကသိုလ်၊ဒီဂရီ၊ကောလိပ်ပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲကို ဇွန်လ ၁ ရက်နေ့က စတင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 

စီးပွားရေး တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ YUFLတက္ကသိုလ်အပါအဝင် တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင်နေကြတာပါ။ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေအထိ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ တက္ကသိုလ် စုစုပေါင်း ၁၉ ခုမှ အသင်းပေါင်း ၃၅ သင်း ပါဝင်ယှဉ်ပြိုင်သွားမှဖြစ်ပါတယ်။ 

အုပ်စု ၄ စုတွင် ပြိုင်ပွဲဝင် ယောကျင်္ားလေး ၂၀ သင်း မိန်းကလေး အသင်း ၁၅ သင်းဖြင့် ပြိုင်ပွဲကိုအုပ် စု ၄ စု ခွဲထားပြီး အုပ်စုပတ်လည်စနစ်ဖြင့် ပထမ ဒုတိယရသည့်အသင်း ၁၆ အသင်းအဆင့် ဖြင့် စတင်ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ 

ရိုက်ကူး၊တည်းဖြတ်-ထွန်းထွန်းဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly