လပွတ္တာ ပင်လယ်လေးတံတား ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်မည်ဟုဆို

02 June 2019
လပွတ္တာ ပင်လယ်လေးတံတား ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်မည်ဟုဆို

လပွတ္တာမြို့၊ပင်လယ်လေးတံတားကို ၂၀၁၉ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ် စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

"အသစ်တည်ဆောက်တဲ့ တံတားတွေရှိသလို အဆင့်မြှင့်တင်တဲ့တံတားတွေရှိတယ်။ အဆင့်မြှင့်တင်တဲ့ တံတားက ၃စင်း လပွတ္တာ၊ ပင်လယ်လေးတံတားဆိုရင် ၆ဝရာနှုန်းလောက်ပြီးနေပြီ၊ဝါးခယ်မမြို့နယ်မှာရှိတဲ့ ရွှေလောင်၊ဝါးခယ်မ တံတားနှစ်စင်းဆို ၁၅ရာနှုန်းလောက်ပြီးနေပြီ။ ပင်လယ်လေးတံတားဆို စက်တင်ဘာ ၊ အောက်တိုဘာ လောက် အပြီးဆောက်မယ်လို့ မှန်းထားတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မဇ္ဈိမ သို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လက်ရှိအချိန်၌ ကြိုးတံတား ၃စင်း အဆင့်မြှင့်တင်ခြင်းနှင့် ဖျာပုံခရိုင်နှင့် ပုသိမ် ခရိုင်တို့ကို ချိတ်ဆက်မည့် တံတားနှစ်စင်း ၊ ပုသိမ်မြစ်ကူးတံတားတစ်စင်းတို့အား ပြည်ထောင်စုဘက်ဂျက်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ တံတားများကို ၂၀၂ဝတွင် တည်ဆောက်ပြီးစီးနိုင်ကြောင်းသိရှိရသည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly