ရာသီဥတု ကပ်ဘေးတွေ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေက အားနည်းနေတယ်လို့ သဘာဝပတ်ဝန်းကျင် အခြေအနေဆိုးရွားလာမှုတွေအကြောင်းတွေကို အသိပေးနှိုးဆော်ခဲ့တဲ့ လူငယ်တွေက ဆိုပါတယ်။
ဒီလိုလှုပ်ရှားမှုကိုလုပ်နေတဲ့ လူငယ်တွေအပေါ် ဝေဖန်နေကြတဲ့သူတွေရှိကြသလို လှုပ်ရှားမှုမပြုလုပ်ခင်က စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ရှိသူတွေက ခေါ်တွေ့ခဲ့ပြီး ဒီလှုပ်ရှားမှုကို မပြုလုပ်ဖို့ အတွက် တားမြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)