၂၀၁၆ ရွေးကောက်ပွဲမှာ အိမ််ဖြူတော်ဆီ တက်လှမ်းနိုင်ဖို့ ရုရှားရဲ့ အကူအညီ ရှိခဲ့ကြောင်းကို အမေရိကန်် သမ္မတ ဒေါ်နယ်ထရမ့်က မေ ၃၀ ရက်မှာ ပထမဆုံး နှုတ်ကျွံပြီး ဝန်ခံမိသွားပါတယ်။
ဒီလို နှုတ်ကျွံသွားတာကို ထရမ့်က စကားမြှားဦး ပြောင်းလိုက်ပြီး အထူးအကြံပေး ရောဘတ်မူလာနဲ့ ရုရှားရဲ့ ရွေးကောက်ပွဲ ခြေထိုးမှုအကြောင််းကို ထိုးနှက် ပြောဆိုလိုက်ပါတယ်။
၂၀၁၆ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရအောင် ရုရှားနိုင်ငံက ဝင်ရောက်ခြေထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အထူးအကြံပေး ရောဘတ်မူလာ ဦးဆောင်ကာ စုံစမ်းစစ်ဆေးခဲ့ပေမယ့် လက်ဆုပ်လက်ကိုင်် ပြစရာ သက်သေမည်မည်ရရ မရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီ စုံစမ်းစစ်ဆေးမှုကိုထရမ့်က ပိတ််ပင်ဖို့ ကြိုးစားတာအတွက် လွှတ်တော်အနေနဲ့ ထရမ့်ကို စွဲဆိုအပြစ်တင်ဖို့ မူလာက အကြံပေးခဲ့တာ ဖြစ်ပါတယ်။
“ရုရှား၊ ရုရှား၊ ရုရှားနဲ့ မလိုသူကို ဖယ်ရှားဖို့ လိမ်လည်လှည့်ဖျားမှု စကတည်းက ကြားနေရတယ်။”လို့ ထရမ့်က ရောဘတ်မူလာကို ထိုးနှက်ပြောဆိုပါတယ်။
“ကောင်းပြီ၊ ခုတော့ ရုရှားဆိုတဲ့ အသံ မကြားရတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ကို ရွေးကောက်ခံရအောင် ရုရှားက လုပ်ပေးတယ်ဆိုပေမယ့် ကျွန်တော့်ဖက်က ဘာမှ လုပ်ခဲ့တာမျိုး မရှိလို့ပဲ။”လို့ သမ္မတ ထရမ့်က ရုရှားကြောင့် ရွေးကောက်ပွဲမှာ အကူအညီ ဖြစ်တဲ့ အဓိပ္ပာယ်မျိုး ဝန်ခံမိသွားတာ ဖြစ်ပါတယ်။
ဒါဟာဆိုရင် ဒီမိုကရတ်ဖြစ်တဲ့ ဟီလာရီကလင်တန်ကို ရွေးကောက်ပွဲမှာ ထရမ့်က အနိုင်ရအောင် ရုရှားအစိုးရက ဝင်ရောက်ခြေထိုးခဲ့တယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေး အကြီးအကဲတွေ ပြောဆိုနေတဲ့ အတည်ပြုချက်ကို ထရမ့်က ပထမဆုံး ဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ထရမ့်က ကျွံသွားတဲ့ စကားကို ပြန်လည်ဖာထေးပြီး “ရုရှားက ကျွန်တော်ကို ရွေးကောက်ခံရအောင် လုပ်ပေးခဲ့တာ မဟုတ်ဘူး။ ဘယ်သူက လုပ်ပေးလဲဆိုတာ ခင်ဗျားတို့ သိမလား။ ကျွန်တော်ကြောင့်ပဲ ကျွန်တော်က ရွေးကောက်ခံရတာ ဖြစ်တယ်။ ရုရှားရဲ့ အကူအညီဆိုတာ လုံးလုံး မရှိဘူး။”လို့ ပြောဆိုသွားခဲ့ပါတယ်။