တမူး-ကလေး ကားလမ်းပေါ်တွင် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းမိ

တမူး-ကလေး ကားလမ်းပေါ်တွင် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းမိ

စစ်ကိုင်း၊ မေ ၂၉ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မန်မော်ကျေးရွာ တမူး-ကလေး ကားလမ်းပေါ်တွင် မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးနှင့်အတူ မြန်မာနိုင်ငံသူ တစ်ဦးတို့ကို ဖမ်းမိထားကြောင်း တမူးမြို့မရဲစခန်းထံမှ သိရသည်။

တမူးခရိုင်ရဲတပ်ဖွဲ့၊ခရိုင်လ.ဝ.က၊ နယ်မြေခံတပ်မတော်သား များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ တမူးမှ ကလေးမြို့သို့ ချစ်ကိုကို(စိစစ်ဆဲ) မောင်းနှင်လာသည့် 4Q/×××× N Power ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ တမူးမြို့၊ စော်ဘွား (၅/က)ရပ်ကွက်တွင် နေထိုင်သော မကေသီနွယ်(၃၅)နှစ်နှင့် မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာတွင် နေထိုင်သော ဦးဘထွန်း (၄၂)နှစ်ပါ(၁၀)ဦး(ကျား၉၊ မ ၁)တို့အား မသင်္ကာဖွယ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်အရ မေလ ၂၁ ရက် နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘွန်ခရိုင်၊ ဘန်ဂမိုရာကျေးရွာမှ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး မိုးရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ တမူးမြို့သို့ ၃ ဘီးဆိုင်ကယ်ဖြင့် ဝင်ရောက် လာခဲ့ကြောင်း၊ ၎င်းတို့ ကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမှာ အတုပြုလုပ်၍ ကိုင်ဆောင် လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တမူးမြို့မရဲစခန်းမှ (ပ)၁၄၀၊ လူမှုဝင်ကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃(၁)၊ ၁၃(၅)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly