သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမျိုးသားဓာတ်ခွဲခန်းဖွင့်လှစ်

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမျိုးသားဓာတ်ခွဲခန်းဖွင့်လှစ်
Photo MNA

အောက်တိုဘာ ၇ ရက် ။            ။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက အမျိုးသားဓာတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနား တစ်ခုကို အောက်တိုဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

ယင်းဓာတ်ခွဲခန်းအား ဒြပ်စင်ဂုဏ်သတ္တိတိုင်းတာစမ်းသပ်ရေးဌာန၊ ဓာတုဓာတ်ခွဲဌာန၊ ဒြပ်စင်ဓာတ်ခွဲဌာန၊ အဏုစိတ် ဓာတ်ခွဲဌာနနှင့် မူရင်းမပျက်ဓာတ်ခွဲဌာနတို့ဖြင့် ဖွဲ့စည်းထားပြီး ဝန်ဆောင်မှုပေးသွား မည်ဟုသိရသည်။

နိုင်ငံတကာအဆင့်မီ အမျိုးသားဓာတ်ခွဲခန်း တစ်ခုအဖြစ် အကောင်အထည်ဖော်သွားရာတွင် ဝန်ကြီးဌာနအသီးသီးရှိ ဓာတ်ခွဲခန်းများ၊ ပုဂ္ဂလိကဓာတ်ခွဲခန်းများနှင့် ချိတ်ဆက်၍ ဓာတ်ခွဲခန်းကျွမ်းကျင် ပညာရှင် များ၏ စွမ်းဆောင်ရည်မြင့်မားရေး နှင့် နိုင်ငံတကာအသိအမှတ်ပြုသော တိကျမှန်ကန်သည့် ဓာတ်ခွဲစစ်ဆေးမှုရလဒ်များ တိုင်းတာနိုင်ရေးအတွက် ဓာတ်ခွဲစွမ်းရည်တိုင်းတာစစ်ဆေးခြင်း Proficiency Testing များကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီများ၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များဖြင့် ဆောင်ရွက်မည်ဟုသိရသည်။

ရန်ကုန်တိုင်း လျှပ်စစ်နှင့် က်မှုဝန်ကြီးဦးဉာဏ်ထွန်းဦး နှင့် UMFCCI ဥက္ကဌ ဦးဝင်းအောင်တို့လည်း ဖွင့်ပွဲသို့တက်ရောက်ကြသည်။

Ref; MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly