ငါးမျိုးပွားနှုန်း တိုးစေရန်အတွက် ငါးရစ်ငါးသန်ကာလ ငါးဖမ်းမှု မရှိစေရေး ဆောင်ရွက်နေ

20 May 2019
ငါးမျိုးပွားနှုန်း တိုးစေရန်အတွက် ငါးရစ်ငါးသန်ကာလ ငါးဖမ်းမှု မရှိစေရေး ဆောင်ရွက်နေ

ငါးရစ် ငါးသန်ကာလဖြစ်သည့် ယခုအချိန်တွင် ငါးဖမ်းဆီးမှု မရှိစေရေးအတွက် နှစ်စဉ်နှစ်တိုင်း စီမံချက်ရေးဆွဲပြီး ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ အခုချိန်က ငါးရစ်ငါးသန်ကာလဖြစ်တယ်။ မျိုးရည်နဲ့ ပြည့်ဝနေတဲ့ ငါးထီးတွေ၊ ဥတွေနဲ့ ပြည့်ဝနေတဲ့ ငါးမကြီးတွေရဲ့ ဥချသားပေါက်တဲ့ရာသီအစ ဖြစ်ပါတယ်၊ ဒီအချိန်မှာ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှုမရှိစေရေး အတွက် နှစ်စဉ်နှစ်တိုင်း စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၊ တိုင်းဦးစီးအရာရှိ ဦးစိုးလှိုင်မြင့်က ပြောသည်။

မြန်မာနိင်ငံမှာရှိသည့် ဒေသအတွင်း ငါးအမျိုးအစားများသည် မေ ၁ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ ပေါက်ဖွားရာသီဖြစ်ပြီး သားပေါက်ချိန် မျိုးငါးကြီးများသည် ရေလျှံကွင်းများရှာပြီး သားပေါက်ကြကြောင်း၊ ထိုနေရာတွင် သားလောင်းများကနေ ငါးသန်အရွယ်အစားအထိ (၁)လက်မ၊ (၁လက်မခွဲ)၊ (၂)လက်မအထိ ကြီးပြင်းပြီးမှ မြစ်ထဲပြန်ဆင်းကြခြင်း ဖြစ်သည်။

ရိုက်ကူး-တင်ရွှေ(မဇ္ဈိမ)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly