ကမ္ဘာ့တန်ဖိုးအကြီးဘောလုံးအသင်းအဖြစ် ရီးယဲလ်အသင်း ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀)သင်းမှာ ပရီးမီးယားလိဂ်အသင်း (၆)သင်း ပါဝင်

ကမ္ဘာ့တန်ဖိုးအကြီးဘောလုံးအသင်းအဖြစ် ရီးယဲလ်အသင်း ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀)သင်းမှာ ပရီးမီးယားလိဂ်အသင်း (၆)သင်း ပါဝင်
Photo: EPA

ပြင်သစ်စီးပွားရေးမီဒီယာတစ်ခုဖြစ်တဲ့ Brand Finance က ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအကြီးဆုံးကလပ်အသင်း (၅၀) စာရင်းကို ထုတ်ပြန်ခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်းက တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

Brand Finance ဟာ ဝင်ငွေနဲ့ ကွင်းအတွင်းအောင်မြင်မှုအပေါ် ထည့်သွင်းစဉ်းစားတွက်ချက်ကာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကလပ် အသင်း (၅၀)စာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရီးယဲအသင်းဟာ ပြီးခဲ့နှစ်အတွင်း ကလပ်အသင်းရဲ့ တန်းဖိုးက (၂၇%)အထိ မြင့်တက်ခဲ့သလို ကွင်းဝင်ကြေး ယူရိုသန်း (၇၅၀)ရရှိတဲ့ ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် ရီးယဲလ်အသင်းဟာ စုစုပေါင်း တန်ဖိုး ယူရို (၁.၆၅) ဘီလီယံဖြင့် မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းတန်ဖိုး ယူရို (၁.၄၇)ဘီလီယံကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာကို လွှဲပြောင်းရယူခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ Brand Finance ရဲ့ ထုတ်ပြန်မှုမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးနေရာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ထို့အတူ ထိပ်ဆုံး(၆)သင်းမှာ ရီးယဲလ်အသင်းရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းက ယူရို (၁.၃၉) ဘီလီယံဖြင့် တတိယ၊ ဘိုင်ယန်မြူးနစ် (ယူရို ၁.၃၁ ဘီလီယံ)၊ မန်စီးတီး (ယူရို ၁.၆၅ ဘီလီယံ)နဲ့ လီဗာပူးလ် (၁.၁၉ ဘီလီယံ)ဖြင့် အသီးသီး အစဉ်လိုက် ရပ်တည်နေပါတယ်။

ဒီထိပ်ဆုံး (၆)သင်းရဲ့ တန်ဖိုးက ထုတ်ပြန်လိုက်တဲ့ ကလပ် (၅၀) သင်း တန်ဖိုးရဲ့ (၄၀%)အထိ နေရာယူထားပါတယ်။

ယခုထုတ်ပြန်လိုက်တဲ့ စာရင်းရဲ့ ထိပ်ဆုံး (၁၀)သင်းမှာ ပရီးမီးယားလိဂ်ကလပ် (၆)သင်းအထိ ပါဝင်ခဲ့ပြီး ဒီအသင်းတွေကတော့ မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့ဖြစ်ပါတယ်။ ဒါ့အပြင် ထိပ်ဆုံး (၅၀) စာရင်းမှာ ပရီးမီးယားလိဂ်မှ အသင်း (၁၇)သင်းအထိ ပါဝင်ခဲ့ပါတယ်။

တခြား စပိန်ကလပ်အသင်းအနေတွေအနေနဲ့ထိပ်ဆုံး (၅၀) စာရင်းထဲမှာ အက်သလက်တီကို အဆင့် (၁၄)၊ ဆီဗီလာ အဆင့် (၃၅)၊ ဘီလ်ဘာအို အဆင့် (၄၅)၊ ဗီလာရီးယဲလ် အဆင့် (၄၇)နဲ့ ဗလင်စီယာ အဆင့် (၄၈)တို့ ရပ်တည်နေကြပါတယ်။

 



တန်ဖိုးအကြီးဆုံးဘောလုံးအသင်း (၁၀)သင်း

အသင်း

တန်ဖိုး (ယူရို)

ရီးယဲလ်

၁.၆၅ ဘီလီယံ

မန်ယူ

၁.၄၇ ဘီလီယံ

ဘာစီလိုနာ

၁.၃၉ ဘီလီယံ

ဘိုင်ယန်မြူးနစ်

၁.၃၁ ဘီလီယံ

မန်စီးတီး

၁.၂၆ ဘီလီယံ

လီဗာပူးလ်

၁.၂၀ ဘီလီယံ

ချယ်လ်ဆီး

၉၆၈ သန်း

ပီအက်စ်ဂျီ

၉၁၄ သန်း

အာဆင်နယ်

၈၈၅ သန်း

စပါး

၇၅၈ သန်း

Ref; Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly