အီတလီနိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာအင်္ဂလိပ်စာပြိုင်ပွဲ (HIPPO 7th International English Language Olympiad Competition) မှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပုသိမ်မြို့မှ အသက် (၁၁) နှစ် အရွယ် မဆုစန္ဒီဆွေဟာ အရှေ့တောင်အာရှမှာ ပထမဆုံးအကြိမ်အဖြစ် ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
4 Skills (အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်း) စာမေးပွဲများကို အောင်မြင်စွာ ဖြတ်ကျော်ပြီး Hippo 1 Second Prize Winner ဆုကိုရရှိခဲ့ တာလို့လည်း သိရပါတယ်။ ပထမဆုကို ဥဇဘက်ကစ္စတန်နိုင်ငံမှ ရရှိခဲ့ပြီး ဒုတိယကို မြန်မာနိုင်ငံနဲ့ တတိယဆိုကို ခရိုအေးရှားနိုင်ငံတို့ကရရှိခဲ့တာပါ။ ဘယ်လိုတွေ ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာလည်းဆိုတာတွေကို မဇ္စျိမက ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
ရိုက်ကူး/ တည်းဖြတ် - စိုးသူအောင် (မဇ္စျိမ)