အီဖယ်တာဝါ နှစ် ၁၃၀ ပြည့်မြောက်ကို မီးရောင်စုံတွေ ထွန်းညှိပြီး ကျင်းပ

အီဖယ်တာဝါ နှစ် ၁၃၀ ပြည့်မြောက်ကို မီးရောင်စုံတွေ ထွန်းညှိပြီး ကျင်းပ

ပါရီ၊ မေ ၁၆ ။        ။ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အီဖယ်တာဝါ နှစ် ၁၃၀ ပြည့်မြောက်ကို မီးရောင်စုံတွေ ထွန်းညှိပြီး မေ ၁၅ ရက်မှာ စတင်ကျင်းပပါတယ်။

၁၈၈၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အီဖယ်တာဝါဟာ အမြင့် ၃၂၄ မီတာ ရှိပြီး အလေးချိန် ၇၃၀၀ ရှိပါတယ်။ နှစ်စဉ် ခရီးသွားဧည့်သည် ခုနစ်သန်းနီးပါးကို ဆွဲဆောင်နေရာ ပါရီမြို့ရဲ့ နှလုံးသည်းပွတ်လည်း ဖြစ်ပါတယ်။

အီဖယ်တာဝါကို ပြင်သစ်တော်လှန်ရေး နှစ် ၁၀၀ ပြည့်မြောက်အဖြစ် ပါရီက ရှမ့်ဒီးမားစ်အရပ်မှာ နှစ်နှစ်၊ နှစ်လနဲ့ ရှစ်ရက်ကြာ တည်ဆောက်ခဲ့တာပါ။

သံဘောင်တွေနဲ့ချည်း တည်ဆောက်ခဲ့တဲ့ အီဖယ်တာဝါကို ပုံစံထုတ်လုပ်ပေးတဲ့ ဗိသုကာပညာရှင် ဂတ်စတပ်ဗ်အီဖယ်ကို ဂုဏ်ပြုပြီး အမည်မှည့်ခေါ်ထားတာလည်း ဖြစ်ပါတယ်။

ခရီးသွားတွေနဲ့ လေ့လာသူတွေ လှည့်ပတ်ကြည့်ရှုဖို့ တာဝါမှာ အထပ်သုံးထပ် ပါရှိပြီး အမြင့်ဆုံး တတိယထပ်ကိုတော့ ဓာတ်လှေကားနဲ့ပဲ တက်ရောက်ကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly