NLD ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ၊ နည်းဥပဒေတွေကို လိုသလို ဆွဲယူနေတာကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ယုံကြည်မှုကင်းမဲ့ပြီး နှောင့်နှေးမှုတွေ ဖြစ်လာစေတယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။
အတိုက်အခံအမတ် တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၆၁ပြင်ဆင်ရေးကို NLD အမတ် အများစု နဲ့ဖွဲ့စည်းထားတဲ့ ၄၅ဦးပူးပေါင်းကော်မတီနဲ့ ပူးပေါင််းဆောင်ရွက်ဖို့ မဲခွဲဆုံးဖြတ်လိုက်တဲ့အပေါ် အခုလို ပြောဆို လိုက်တာဖြစ်ပါတယ်။
ရိုက်ကူးတည်းဖြတ်- မင်းမင်း