ဝါယာရှော့ဖြစ်၍ ကွန်တိန်နာယာဉ် မီးလောင်မှုဖြစ်ပွား

ဝါယာရှော့ဖြစ်၍ ကွန်တိန်နာယာဉ် မီးလောင်မှုဖြစ်ပွား

မကွေး၊ မေ ၄ ။      ။ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာ မြို့ဝင်ဂိတ်အနီးတွင် မေလ (၄)ရက်နေ့လယ် ၁၁နာရီ ၄၅မိနစ် အချိန်က ကွန်တိန်နာယာဉ်တစ်စီး ဝါယာရှော့ဖြစ်၍မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မှော်ဘီမြို့နယ်မှ မင်းဘူးဆိုလာစက်ရုံသို့ ယာဉ်မောင်း စောဇင်ကို (၂၅)နှစ်၊ မှော်ဘီမြို့နယ် မြောက်တကာ အုပ်စု၊ စံပြကျေးရွာနေသူနှင့် ထွန်းလင်းပိုင် (၁၈)နှစ် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ လေးမျက်နှာ ရွာတွင် နေထိုင်သူတို့လိုက်ပါလာသော 9H/…….ဖူဆို ၁၈ ဘီးဖြူပြာနက်ရောင်ကြား ကွန်တိန်နာယာဉ်သည် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာ မြို့ဝင်ဂိတ်အနီးတွင် ယာဉ်၏အင်ဂျင်နှင့် ဂီယာပေါက်အကြား ဝါယာရှော့ ဖြစ်ပြီး ယာဉ်အရှေ့ခေါင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး၊ မီးသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၃)စီး စုစုပေါင်း(၅)စီး ဖြင့် လည်းကောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ က ဝိုင်ဝန်းငြိမ်းသတ်ခဲ့ရာ နေ့လယ် (၁၂ နာရီ ၀၅ မီနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်းဖိုး ကျပ် (၁၅) သိန်းခန့်ရှိကြောင်းသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း စောဇင်ကိုအား မကွေးမြို့နယ် နယ်မြေရဲစခန်းတွင် (ပ) ၃၇၈/ ၂၀၁၉ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly