ပဲခူးတွင် သစ်တင်ယာဉ်နှင့် အမြန်ရထား တိုက်မှု ဖြစ်ပွား

ပဲခူးတွင် သစ်တင်ယာဉ်နှင့် အမြန်ရထား တိုက်မှု ဖြစ်ပွား
ဓါတ်ပုံ- နေလင်းအောင်(တောင်ငူ)

မေ၊ ၄ ။      ။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ၂မိုင်အကွာ ညောင်သုံးပင်ကျေးရွာအနီး ရထားသံလမ်းကူးတွင် မေလ ၄ ရက်၊ နံနက်၁ဝနာရီ ၄၀ အချိန်က သစ်များတင်ဆောင်လာသောယာဉ် နှင့် အမြန်ရထားတစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့သည်။

မေလ ၄ ရက်နေ့ နံနက်၁ဝနာရီ ၄၀ အချိန်က စက်ခေါင်းမောင်း ဦကြည်ထွန်း( ၅၃) နှစ်၊ (ဘ) ဦးသိန်းဟန် (၁၄ ) ရပ်ကွက်၊ တောင်ငူမြို့နေသူမောင်းနှင်လာသော နေပြည်တော်-ရန်ကုန် ပြေးဆွဲနေသည့် အမှတ်(၃၂)အစုန် ရထားတွဲ၊ အမှတ် DF-2049 လူစီးအမြန်ရထားသည် တောင်ငူမြို့၊ ကံရိုးကျေးရွာအုပ်စု၊ ညောင်သုံးပင်ကျေးရွာ မီးရထားမိုင်တိုင်အမှတ် ၁၆၈/၁၁ နှင့် ၁၆၈/၁၂အကြား အရောက်တွင် ယာဉ်မောင်း နေမျိုးအောင် (ခ) ချက်ကြီး ( ၂၈) ၊(ဘ) ဦးကျော်မိုး မရမ်းကုန်းကျေးရွာ၊ ရွှေလောင်း အုပ်စုမောင်းနှင်ပြီး ယာဉ်နောက်လိုက် မျိုးသူ (၂၆) နှစ်၊ (ဘ) ဦးတင်အေး၊ မရမ်းကုန်းကျေးရွာ၊ ရွှေလောင်း အုပ်စု၊ အုတ်တွင်း မြို့နယ်နေသူတို့ လိုက်ပါ စီးနင်းလာသော ယာဉ် နောက်ခန်းတွင် ပျဉ်းကတိုး ( စီစစ်ဆဲ) တင်ဆောင်ထားသည့် ယာဉ်အမျိုးအစား 3.0 AERAS ယာဉ်အမှတ် YGN 7L/…….. အဖြူရောင်ယာဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်း နေမျိုး (ခ) ချက်ကြီး ( ဘ) ဦးကျော်မိုးမှာ ယာချိုစောင်းပေါက်ပြဲဒဏ်ရာ ၊ ယာ နဖူးစုတ်ပြဲဒဏ်ရာ၊ ယာ မျက်ခုံးစုတ်ပြဲ ဒဏ်ရာ၊  ယာဘက်တံတောင်ဆစ် ဆုတ်ပြဲဒဏ်ရာများဖြင့် အတွင်း လူနာ ( စိုးရိမ်ရ) အဖြစ်လည်းကောင်း မျိုးသူ (ဘ) ဦးတင်အေးတွင် ဝဲ နားသွေးထွက်ဒဏ်ရာ၊ ယာ နံရိုး ရှေ့ခြမ်း ပွန်းခြစ်ဒဏ်ရာ၊ ယာ ပေါင် ရှေ့ခြမ်း ပွန်းခြစ်ဒဏ်ရာ၊ ယာ ဒူးခေါင်းအောက်စုတ်ပြဲဒဏ်ရာ ( စိုးရိမ်ရ ) များဖြင့် တောင်ငူမြို့ ပြည်သူ့ဆေးရုံရှိတွင် ဆေးကုမှုခံယူနေကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါ နေပြည်တော်- ရန်ကုန် (၃၂ ) အစုန်ရထားသည် ၁၂ နာရီ ၁၅ အချိန်တွင် ရန်ကုန် ဘက်သို့ ဆက် လက်ထွက်ခွာသွားပြီး ပျဉ်းကတိုးကြမ်းပြား (၀.၇) တန်တို့ကို တောင်ငူမြို့နယ် သစ်တောဦးစီးဌာနထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် မီးရထားအား ဝင်တိုက်မိအောင် မဆင်မခြင်မောင်းနှင်လာသော ယာဉ်မောင် နေမျိုးအောင် (ခ) ချက်ကြီးကို အရေးယူပေးပါရန် တောင်ငူ မီးရထားဘူတာရုံမှ လမ်းဗိုလ် ဦးကိုကို (အငယ်တန်းအင်ဂျင်နီယာ)က တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်ငူမြို့မ ရဲစခန်းတွင် (ပ) ၅၅၉ / ၂၀၁၉ မီးရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၈၅ အရ အမှုဖြင့် အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly