ဆီဆိုင်မြို့နယ်ရှိ သောက်သုံးရေ ရှားပါးသည့် ကျေးရွာများကို သောက်သုံးရေများ ဖြန့်ဝေ

ဆီဆိုင်မြို့နယ်ရှိ သောက်သုံးရေ ရှားပါးသည့် ကျေးရွာများကို သောက်သုံးရေများ ဖြန့်ဝေ

ဆီဆိုင်၊ မေ ၂ ။     ။ ရှမ်းပြည်နယ်(တောင်ပိုင်း)ဆီဆိုင်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် ကျေးရွာများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သောက်သုံးရေများဖြန့်ဝေပေးလျက်ရှိသည်ဟု ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစောမောင်ဘွေကပြောပြသည်။

ထိုသို့သောက်သုံးရေ လှူဒါန်းခြင်းကို ဧပြီလ ၂၈ ရက်နေ့မှစတင်၍ (ယနေ့ )မေလ ၂ ရက်နေ့အထိ လွယ်တဖြီ၊ ဒုံလိတန်၊ ထီထဲထိုး၊ ဖလိုင်အရှေ့၊ ဖလိုင်အနောက် စသည့်တို့မှ အိမ်ခြေ ၃၅၉အိမ်၊လူဦးရေ ၁၉၉၃ဦးအတွက် ရေဂါလံပေါင်း ၇၁ဝဝလှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။

"ပြည်နယ်အစိုးရ လမ်းညွှန်ချက်နဲ့ လှူဒါန်းပေးတာပါ။အမှန်တကယ် ရေရှားပါတဲ့ကျေးရွာတွေကို စာရင်းကောက်ပြီး လှူဒါန်းနေတာပါ။ဆက်လက်လှူဒါန်းသွားဖို့လည်းရှိပါတယ်။"ဟု ၎င်းကပြောသည်။

ဆီဆိုင်မြို့နယ်တွင် နှစ်စဉ် နွေရာသီရောက်ရှိတိုင်း သောက်သုံးရေအခက်အခဲကြုံတွေ့နေခြင်းကြောင့် ရေလှောင် ကန်ငယ်များတည်ဆောက်ပေးနိုင်ရန်အတွက်လည်း စီစဉ်နေပြီး မေလ ၆ ရက်နေ့တွင်လည်း ဖီရမ်းကား ကျေးရွာအုပ်စုသို့ သောက်သုံးရေ သွားရောက်လှူဒါန်ရန် ပြင်ဆင်ထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required