နျူကလီးယားဖျက်သိမ်းနိုင်ဖို့ မြောက်ကိုရီးယားအနေနဲ့ လုံခြုံရေးအာမခံချက် ရဖို့လိုဟု ပူတင်ပြော

နျူကလီးယားဖျက်သိမ်းနိုင်ဖို့ မြောက်ကိုရီးယားအနေနဲ့ လုံခြုံရေးအာမခံချက် ရဖို့လိုဟု ပူတင်ပြော

မော်စကို၊ ဧပြီ ၂၅ ။        ။ နိုင်ငံတကာဥပဒေကနေ မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းမှု ဖြစ်မြောက်လာဖို့က မြောက်ကိုရီးယားအတွက် လုံခြုံရေးအာမခံချက် လိုအပ်တယ်လို့ ရုရှသမ္မတ ဗလာဒီမာပူတင်က ဧပြီ ၂၅ ရက်မှာ ပြောပါတယ်။

“မြောက်ကိုရီးယားအနေနဲ့ သူ့ လုံခြုံရေးအတွက် အာမခံချက်တွေ လိုအပ်တယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ လိုအပ်တယ်။”ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နဲ့ ထိပ်သီးအစည်းအဝေးအပြီးမှာ ပူတင်က ပြောတာပါ။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာဥပဒေရဲ့ ခွန်အားကို ပြန်လည်ထိန်းသိမ်းဖို့ လိုတယ်။ ကမ္ဘာ့ အခြေအနေကို ဆုံးဖြတ်ပေးနိုင်မယ့် နိုင်ငံတကာဥပဒေ လိုအပ်တယ်။”လို့ ပူတင်က ပြောပါတယ်။
ခေါင်းဆောင်နှစ်ဦးရဲ့ ပထမဆုံး တွေ့ဆုံမှုမှာ ပူတင်က နှစ်နိုင်ငံ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးကို ဖော်ဆောင်သွားမယ်လို့ သံန္ဒိဌာန်ပြု ပြောဆိုပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ ခုလို ပိုမိုနီးစပ်ဖို့ ကြိုးစားတာဟာ အမေရိကန်ရဲ့ သြဇာကို တန်ပြန်တဲ့ ပုံ ရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ဟာ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးမှုတွေ တန့်ရပ်နေတာအတွက် အကူအညီရဖို့ ရုရှားနိုင်ငံကို ရောက်ရှိနေပြီး ဧပြီ ၂၅ ရက်မှာ ဗလာဒီဗော့စတော့ခ်မြို့မှာ ပူတင်နဲ့ ထိပ်သီးစည်းဝေးခဲ့တာ ဖြစ်ပါတယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly