အက်ဒဗိုကတ်၏ ဆန်းဒါးလန်းနည်းပြရာထူး မသေချာတော့

အက်ဒဗိုကတ်၏ ဆန်းဒါးလန်းနည်းပြရာထူး မသေချာတော့

ဆန်းဒါးလန်းနည်းပြအက်ဒဗိုကတ်က ၎င်း၏အနာဂါတ်ကိုဆုံးဖြတ်မည်ဟု ပြောကြားခဲ့သော်လည်း အောက်တိုဘာ ၁၇ တွင် ဝက်စ်ဘရွန်းနှင့် ကစားမည့်ပွဲကို တာဝန်ယူမည်၊ မယူမည်ကို အတည်ပြုရန် ငြင်းဆန်ခဲ့သည်။

အက်ဒဗိုကတ်သည် မတ်လအတွင်းတာဝန်ယူခဲ့သော ဆန်းဒါးလန်းအသင်းမှနုတ်ထွက်မည်ဟု စနေနေ့တွင် သတင်းများထွက်ပေါ်နေသည်။

"ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုမှာပါ"ဟု ဝက်စ်ဟမ်းအသင်းနှင့် သရေကျသောပွဲအပြီးတွင် အက်ဒဗိုကတ်က ပြောသည်။ ယင်းမတိုင်မီ အစောပိုင်းတွင်လည်း အက်ဒဗိုကတ်က "ဒီနေ့တော့ ကျွန်တော်က နည်းပြပေါ့။ နောက်ရက်တွေ၊ အပတ်တွေ၊ လတွေမှာတော့ ဘာဖြစ်လာမ လဲ မပြောနိုင်ဘူး"ဟု ဆိုထားသည်။

နိုင်ငံတကာပွဲရက်သတ္တပတ်အပြီးတွင် ပြန်ကစားမည့်ပွဲ၌ နည်းပြအဖြစ်ရှိနေဦးမည်လားဆိုသည်ကိုလည်း "မပြောတတ်ဘူး။ သတင်းစာတွေထဲ က အတိုင်းဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်နိုင်ဘူး"ဟု အက်ဒဗိုကတ်က ပြောသည်။

အသက် ၆၈ နှစ်ရှိ အက်ဒဗိုကတ်သည် ဆန်းဒါးလန်းအသင်း တန်းဆင်းဇုန်အထက် တစ်မှတ်အကွာဖြင့်ရပ်တည်နေစဉ် မတ်လ၌ နည်းပြအဖြစ် ခန့်အပ်ခံရသည်။

အသင်းကို တန်းဆင်းဇုန်မှလွတ်အောင်ကိုင်တွယ်ပြီးနောက် ထွက်ခွာရန်ပြင်ဆင်ခဲ့သော်လည်း ဆုံးဖြတ်ချက်ကိုပြန်ပြင်ကာ တစ်နှစ်စာချုပ်ခဲ့သည်။

သို့သော်လည်း စနေနေ့တွင် ဝက်စ်ဟမ်းအသင်းနှင့်သရေကျခဲ့သော ဆန်းဒါးလန်းအသင်းမှာ ပရီးမီးယားလိဂ် ရှစ်ပွဲကစားပြီးချိန်အထိ နိုင်ပွဲ မရသေးသောအသင်းအဖြစ် ရပ်တည်နေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly