ရာသီဥတုပြောင်းလဲမှုက ဂရိတ်ဘာရီယာ သန္တာကျောက်တန်းကြီးရဲ့ ပြန်လည်ရှင်သန်ဖွံ့ဖြိုးမှုအပေါ် ထိခိုက်စေလျက် ရှိ

ရာသီဥတုပြောင်းလဲမှုက ဂရိတ်ဘာရီယာ သန္တာကျောက်တန်းကြီးရဲ့ ပြန်လည်ရှင်သန်ဖွံ့ဖြိုးမှုအပေါ် ထိခိုက်စေလျက် ရှိ

ဧပြီ ၄ ။     ။ ပင်လယ်ရေ အပူချိန် မြင့်တက်မှုကြောင့် သြစတြေးလျနိုင်ငံက နာမည်ကျော် ဂရိတ် ဘာရီယာ သန္တာကျောက်တန်းကြီးရဲ့ အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ထားခဲ့ရပြီး ယင်းနောက်ပိုင်း ယင်းသန္တာကျောက်တန်းကြီး ပြန်လည်ရှင်သန် နာလန်ထကောင်းမွန်လာတာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ရာသီဥတု ပြောင်းလဲမှုကြောင့်ပဲ ယင်း သန္တာကျောက်တန်းကြီးရဲ့ ပြန်လည် ရှင်သန်လာနေမှုအပေါ် များစွာ ထိခိုက်စေလျက် ရှိကြောင်း သိပ္ပံပညာရှင်တို့က ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်တဲ့ ပင်လယ်ရေ အပူချိန်မြင့်တက်မှုကြောင့် ယင်း ဂရိတ် ဘာရီယာ သန္တာကျောက်တန်းကြီးရဲ့ သန္တာကျောက်တွေ ပြန်လည်ရှင်သန်လာမှုကို ၈၉ ရာခိုင်နှုန်းလောက်ထိ လျော့ချစေခဲ့ကြောင်း ဧပြီ ၃ ရက်က သိပ္ပံပညာရှင်တွေ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကီလိုမီတာ ၂,၃၀၀ အထိ ကျယ်ပြီး အာကာသထဲကနေ မြင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးကတော့ ၂၀၁၆ နဲ့ ၂၀၁၇ တို့မှာ နှစ်နှစ်ဆက်တိုက် ဆိုးဝါးတဲ့ သန္တာကျောက် အရောင်ကျွတ်မှုဖြစ်စဉ်တွေနဲ့ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ထားခဲ့ရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly