မတ် ၂၉ ။ ။ နိုင်ငံတကာ မိုးပျံ ပူဖောင်း ပွဲတော် တစ်ရပ်ကိုတော့ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က စတင်ကျင်းပလျက် ရှိပါတယ်။
လေးရက်တာ ကျင်းပမယ့် အဆိုပါ ပွဲတော်ကိုတော့ နိုင်ငံရဲ့ မြို့တော်အနီးက ပူထရာဂျာယာမြို့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ယင်းပွဲတော်ကိုတော့ မတ်လ ၂၈ ရက်နေ မတ်လ ၃၁ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
နှစ်စဉ် ကျင်းပနေကျ ယင်း မိုးပျံ ပူဖောင်း ပျံသန်းမှု ပွဲတော်အတွင်းမှာတော့ ထူးခြားဆန်းပြားတဲ့ ပုံစံ အမျိုးမျိုးနဲ့ ကာလာစုံ မိုးပျံ ပူဖောင်း အလုံး ၂၀ ခန့် ပါဝင်ဆင်နွှဲလျက် ရှိတယ်လို့ သိရပါတယ်။