မိုးကုတ်တွင် ခြေဥပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်

မိုးကုတ်တွင် ခြေဥပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မိုးကုတ်၊ မတ် ၂၉ ။     ။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲကို မတ်လ ၂၉ ရက်၊နံနက် ၁ဝနာရီက မန္တလေးတိုင်း ဒေသကြီး၊မိုးကုတ်မြို့တွင် ပြုလုပ်ခဲ့သည်။

"ဒီနေ့လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်က ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မယ်ဆိုရင် ဒီလို တည်ထောင်တဲ့နေရာမှာ ဒီအခြေခံဥပဒေမှာပါဝင်တဲ့ ပုဒ်မတွေဟာ အဟန့်အတားဖြစ်တယ်ပေါ့လေ။ဒီပုဒ်မတွေ ပြင်ဆင်နိုင်ဖို့အတွက်ကို လွှတ်တော်ထဲမှာ ပြင်ဆင်နေကြပါတယ်။ လုပ်ဆောင်နေကြပါတယ်။ အဲဒီလုပ်ဆောင် တဲ့ လုပ်ရပ်တွေကို ထောက်ခံတဲ့ပွဲပါ။"ဟု ဖွဲ့စည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲ ဦးဆောင်သူများ ထဲမှ တစ်ဦးဖြစ်သူ ဦးရဲအောင်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံကြသူများသည် မိုးကုတ်မြို့ကိုပတ်ကာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ပြည်သူကိုအကျိုးမပြုသော ပုဒ်မများ ဖျက်သိမ်းရေး၊ဒီမိုကရေစီ စံနှုန်းနှင့်မကိုက်ညီသော ပုဒ်မများ ပြင်ဆင်ရေး၊ပြည်သူ့ဆန္ဒနှင့်ညီသော ပုဒ်မများ ပြဋ္ဌာန်းရေး၊ဖက်ဒရယ် ဒီမိုကရေစီ စနစ်နှင့်ကိုက်ညီသော အခြေ ခံများ ပေါ်ပေါက်ရေး၊ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊တရားရေးစနစ် ဖြောင့်မတ်မှန်ကန်ရေး၊၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဒို့အရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။

ထိုသို့ချီတက်အပြီး မုံကွင်း၌လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဒေါ်ဖြူဖြူမြင့်၊ စာရေးဆရာ ထက်နိုင်(တလုပ်)နှင့်ကဗျာဆရာ ထွဏ်းသွေးအိမ်တို့က ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ထောက်ခံပွဲများကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေးအစရှိသည့် နေရာဒေသများတွင် ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly