ရလဒ်မကောင်းလျှင် မိမိကို လီဗာပူးလ်ပရိသတ်များ လှောင်ပြောင်ခွင့်ရှိဟု ရော်ဂျာဝန်ခံ

ရလဒ်မကောင်းလျှင် မိမိကို လီဗာပူးလ်ပရိသတ်များ လှောင်ပြောင်ခွင့်ရှိဟု ရော်ဂျာဝန်ခံ

အောက်တိုဘာ ၃၊ လီဗာပူးလ် ။           ။ လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက အသင်းရလဒ်မကောင်းလျှင် ပရိသတ်များက ၎င်းကိုဝေဖန်ခွင့်ရှိကြောင်း ဝန်ခံလိုက်ပြီး ခံယူသွားမည် ဟု ပြောသည်။

ရာသီအစရလဒ်များကောင်းမွန်ခြင်းမရှိသောကြောင့် အိမ်ကွင်းပွဲများတွင် ပရိသတ်များ၏လှောင်ပြောင်အော်ဟစ်ခြင်းကို လီဗာူးလ်အသင်း ခံနေရရာ တနင်္ဂနွေနေ့ မာဆေးဆိုက်ဒ်ဒါဘီပွဲမတိုင်မီ နည်းပြရော်ဂျာမှာ ဖိအားများတိုးပွားလာနေသည်။

အနာဂါတ်နှင့်ပတ်သက်ပြီး မရေရာမှုများကြုံနေရသည့်တိုင် တနင်္ဂနွေနေ့တွင် ဂူဒီဆင်ပါ့ခ်၌သွားကစားရမည့်ပွဲအတွက် ဖိအားမရှိကြောင်းနှင့် အသင်း၏ ကစားပုံကိုလည်း   ကျေနပ်သည်ဟု   ရော်ဂျာက   ပြောသည်။

"အနိုင်မရတဲ့အခါ စိတ်ပျက်ကြမှာပဲ။ အဲဒီအတွက် ကျွန်တော်လေးစားပါတယ်။ နည်းပြရော ကစားသမားတွေပါ ဒါကိုခံယူသင့်ပါတယ်"ဟု ရော်ဂျာက ပြောသည်။

အနာဂါတ်နှင့်ပတ်သက်ပြီးလည်းရော်ဂျာ "ကျွန်တော်မစိုးရိမ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျွန်တော်လုပ်နိုင်သလောက် အမြဲတမ်းအကောင်းဆုံး လုပ်နေပါတယ်။ အာမခံချက်တစ်ခုတလေအတွက် ကျွန်တော်ရှာနေမှာ မဟုတ်ပါဘူး။ အခုမှရာသီအစပဲရှိသေးပြီး အများကြီးတိုးတက်လာဖို့ရှိ ပါသေးတယ်"ဟု ပြောသည်။

လီဗာပူးလ်အသင်း၏အထက်တွင်ရပ်တည်နေသော အဲဗာတန်အသင်းမှာ ယုံကြည်မှုအပြည့်ဖြင့် မာဆေးဆိုက်ဒ်ဒါဘီပွဲကို ကစားမည်ဖြစ်သော် လည်း နည်းပြမာတီနက်ဇ်ကမူ နွေရာသီအတွင်း ကစားသမားအင်အားဖြည့်တင်းထားသည့် ရော်ဂျာ်၏လီဗာပူးလ်အသင်းသာ ရေပန်းစား သည့်အသင်းဖြစ် သတ်မှတ်ခံရသင့်သည်ဟု ပြောဆိုခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly