ချယ်လ်ဆီး၏ ရာသီအစရလဒ်များမှာ နည်းပြဘဝတွင်အဆိုးဆုံးဟု မော်ရင်ဟိုဝန်ခံ

ချယ်လ်ဆီး၏ ရာသီအစရလဒ်များမှာ နည်းပြဘဝတွင်အဆိုးဆုံးဟု မော်ရင်ဟိုဝန်ခံ

အောက်တိုဘာ ၃၊ လန်ဒန် ။            ။ ချယ်လ်ဆီးအသင်း၏ရာသီအစရလဒ်များမှာ နည်းပြဘဝတွင်အဆိုးဆုံးဖြစ်သည်ဟု မော်ရင်ဟိုက ဝန်ခံပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ် ခုနစ်ပွဲတွင် နှစ်ပွဲသာအနိုင်ရထားပြီး အမှတ်ပေးဇယား အဆင့် ၁၄ တွင်ရပ်တည်နေသည့် ချယ်လ်ဆီးအသင်းသည် စနေနေ့၌ ဆောက်သမ်တန်ကွင်းသို့ သွားကစားရမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းမှာ အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲတွင်လည်း ပေါ်တိုအသင်းကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။

"အဆိုးဆုံးရလဒ်တွေနဲ့အတူ ကျွန်တော့်နည်းပြဘဝရဲ့ အဆိုးဆုံးအခိုက်အတန့်ဖြစ်ပြီး ထူးခြားတဲ့အတွေ့အကြုံအဖြစ်လည်း ရှုမြင်ပါတယ်။ ဒါမျိုးထပ်မလိုချင်ပါဘူး။ ဒါကိုအဆုံးသတ်ပစ်လိုက်ချင်တယ်။ ဒါမျိုးဖြစ်လာတာတော့ တော်တော်နောက်ကျတယ်။ ၁၅ နှစ်ကြာပြီးမှဖြစ်လာ တာ နောက်ကျတယ်။ နည်းပြဘဝစတင်ပြီး သုံး၊ လေးနှစ်အကြာမှာ ကြုံရသင့်တာ။

ဒါပေမဲ့လည်း ကျွန်တော့်ကို ပိုကောင်းစေမယ့် အတွေ့ အကြုံပါ။ သိပ်ဆိုးတဲ့အတွေ့အကြုံပေါ့။ အဆိုးဆုံးရလဒ်ပဲ။ တစ်ချိန်လုံး စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင်နေရတယ်။ ပွဲအများကြီးဘယ်တုန်းကမှ မရှုံးဖူးတဲ့ ကျွန်တော့်အတွက် အဆိုးဆုံး အခိုက်အတန့်ပါပဲ"ဟု မော်ရင်ဟိုက ပြောသည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်တွင် မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်၊ ချန်ပီယံလိဂ်တွင် ပေါ်တို၊ ကွန်မြူနတီဒိုင်းတွင် အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့ရသည်။ ယင်းရှုံးပွဲငါးပွဲမှာ ပြီးခဲ့သည့်တစ်ရာသီလုံးထက်ပင် များနေသည့် အရေအတွက်လည်းဖြစ်သည်။

Ref; Daily Mai

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly