ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အကျဉ်းထောင်များမှ ၁၇၀ ကျော်ဝင်ရောက် ဖြေဆို

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အကျဉ်းထောင်များမှ ၁၇၀ ကျော်ဝင်ရောက် ဖြေဆို

ရန်ကုန်၊ မတ် ၆ ။          ။ ယခုနှစ် (၂၀၁၉) ခုနှစ်တွင်ကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား စုစုပေါင်း ၁၇၁ ဦးဝင်ရောက်ဖြေဆိုနေကြောင်း အကျဉ်းဦးစီးဌာနမှသိရသည်။

ယခုနှစ်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၇၁  ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်မှ ၇၁ ဦး၊ လွိုင်ကော် အကျဉ်း ထောင်မှ ၄ ဦး၊ ဘားအံအကျဉ်းထောင်မှ ၁၅ ဦး၊ တောင်ငူအကျဉ်းထောင်မှ ၄ ဦး၊ မြိတ်အကျဉ်း ထောင်မှ ၂ ဦး၊ ကသာအကျဉ်းထောင်မှ ၂ ဦး၊ သရက်အကျဉ်းထောင်မှ ၁ ဦးနှင့် မုံရွာအကျဉ်းထောင်မှ ၁ဦး စုစု ပေါင်း ၁၇၁ ဦး ဝင်ရောက်ဖြေဆိုနေကြခြင်းလည်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၇၁ ဦးထဲတွင် အကျဉ်းသား၊ အကျဉ်းသူ ၁၆၄ ဦး နှင့် အမှုရင်ဆိုင်နေရဆဲ အချုပ်သား ၇ ဦးတို့ပါဝင်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

ဝင်ရောက်ဖြေဆိုသူများထဲတွင် အကျဉ်းသား၊ အကျဉ်းသူ အမျိုးသားမှာ ၁၄၉ ဦးဖြစ်ပြီး အမျိုးသမီးမှာ၁၅ ဦးသာပါဝင်သည်ကိုလည်း  အကျဉ်းဦးစီးဌာန စရင်းများအရသိရသည်။

ယမန်နှစ် ၂၀၁၈ ခုနှစ်ကလည်း အကျဉ်းဦးစီးဌာနမှ စာစစ်ဌာန (၈) ခုဖွင့်လှစ်ကာ အကျဉ်းသား၊ အကျဉ်းသူ ၉၃ ဦး၊ အချုပ်သား ၁၁ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၇ ဦးမှာအောင်မြင်ခဲ့သည်။

ထို့အပြင် အဆိုပါနှစ်က အင်းစိန်အကျဉ်းထောင်မှလည်း ၁၉ ဦးအောင်မြင်ခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၄ ဦးထိထွက်ပေါ်လာခဲ့သည်။

အကျဉ်းဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သည့် အကျဉ်းကျ ကျောင်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိသောကြောင့် ယခုလို ဖြေဆိုသူ များပြားလာခြင်းလည်း ဖြစ်ဖွယ်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly