သေအံ့ဆဲဆဲ ကင်ဆာဝေဒနာရှင် ၅ နှစ်သား ကလေးငယ်ကို ပင်မဆဲလ် လှူဖို့ လူ ၅,၀၀၀ လောက် မိုးထဲရေထဲ တန်းစီစောင့်ဆိုင်း

သေအံ့ဆဲဆဲ ကင်ဆာဝေဒနာရှင် ၅ နှစ်သား ကလေးငယ်ကို ပင်မဆဲလ် လှူဖို့ လူ ၅,၀၀၀ လောက် မိုးထဲရေထဲ တန်းစီစောင့်ဆိုင်း

မတ် ၅ ။      ။       ရှားပါး ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး သေမင်းနဲ့ အံတုနေရတဲ့ ၅ နှစ်သားအရွယ် ဗြိတိန် ကောင်လေးတစ်ဦးကို အသက်ကယ်တင်နိုင်ဖို့အတွက် မိဘတွေနဲ့ စေတနာရှင်တွေဝိုင်း ဝန်းကူညီအားထုတ်နေကြလျက် ရှိပါတယ်။

Oscar Saxelby-Lee အမည်ရ ကင်ဆာဝေဒနာသည် အဆိုပါ ကောင်လေးကတော့ အသက်ဆက်ရှင်နိုင်ဖို့အတွက် ပင်မဆဲလ် အလှူရှင် အရေးပေါ် လိုအပ်နေပါတယ်။

ကောင်လေးနဲ့ ကိုက်ညီမှုရှိမယ့် ပင်မဆဲလ် အလှူရှင် ရှာတွေ့ဖို့ လိုနေချိန် ပြီးခဲ့တဲ့ ရက်က လူပေါင်း ၅,၀၀၀ လောက် Worcester မြို့က Pitmaston မူလတန်းကျောင်းမှာ မိုးထဲရေထဲ တန်းစီ စောင့်ဆိုင်းပြီး ၎င်းတို့ လှူလို့ ရမရ လာရောက်စစ်ဆေးခံခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ငါးနှစ်သား ကောင်လေးကတော့ သွေးကင်ဆာပုံစံလိုမျိုး ရှားပါးကင်ဆာတစ်မျိုးခံစားနေရပြီး ပင်မဆဲလ် အလှူရှင်ရမှ အသက်ဆက်နိုင်မှာဖြစ်ပါတယ်။

သူ့ အသက်ကို ကယ်နိုင်မယ့် တူညီတဲ့ ပင်မဆဲလ် ရှာတွေ့ဖို့ အချိန် သုံးလလောက်သာကျန်တော့ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အလှူရှင်ကို စရှာရာမှာတော့ စံချိန်တင် လူပေါင်း ၄,၈၀၀ ကျော် တန်းစီစောင့်ဆိုင်းပြီး ကောင်လေးရဲ့ အလှူရှင် ဖြစ်နိုင် မဖြစ်နိုင် လာရောက်စစ်ဆေးခံခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags