IBEC ဆရာတော်က ဗုဒ္ဓနည်းကျခေါင်းဆောင်မှုပညာဆိုင်ရာဟောပြောပွဲ ပြုလုပ်မည်

IBEC ဆရာတော်က ဗုဒ္ဓနည်းကျခေါင်းဆောင်မှုပညာဆိုင်ရာဟောပြောပွဲ ပြုလုပ်မည်

မုံရွာ၊ မတ်လ ၂ ရက် ။             ။ လာမည့် မတ်လ ၃ ရက်နေ့တွင် MICC - 2 နေပြည်တော်တွင် စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ဦးသောဘိတက ဗုဒ္ဓနည်းကျ ခေါင်းဆောင်မှုပညာဆိုင်ရာဟောပြောပွဲ ပြုလုပ်သွားမည်ဟု ဆရာတော်က မိန့်ကြားသည်။

ဟောပြောပွဲအား မတ်လ ၃ ရက်နေ့ ၊ နေ့လယ် ၁ နာရီမှ ၄ နာရီအချိန်အထိ ကျင်းပသွားမည် ဖြစ်ပြီး အဖွဲ့အစည်းကို ဦးဆောင်နေသူများ၊ အနာဂတ်ဦးဆောင်မည့် လူငယ်များ၊ အစိုးရ အရာရှိဝန်ထမ်းများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

" ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နေချိန်မှာနိုင်ငံတော်၏အခန်းကဏ္ဍကို Spiritual State Building အဖြစ် ဓမ္မအမြင်၊ နိုင်ငံတကာအမြင် ပုံရိပ်များကို ဦးဆောင်ဦးရွက်ပြုကြသည့် ပုဂ္ဂိုလ်များ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျှက် Peace & Harmony ကို ဖော်ဆောင်ကာ Buddhist Leadership in Civic Empowerment Training အဖြစ် နိုင်ငံတော်သမ္မတရုံးနှင့် ဝန်ကြီးဌာနပေါင်းစုံမှ စိတ်ပါဝင်စားသူများကို မျှဝေမဲ့ အစီအစဉ်ဖြစ်ပါတယ်။ " ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

ယင်းဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတရုံးနှင့် အခြားပညာရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့အား ဖိတ်ကြားထားသည်။

IBEC ဆရာတော် ဦးသောဘိတသည် စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ၊ နယ်သာလန်နိုင်ငံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစင်တာနှင့် ကျွန်းလှမြို့ သီတဂူဗုဒ္ဓတက္ကသိုလ်တို့အား ဦးစီး တည်ထောင်ခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။

စတော့ဟုမ်း ကမ္ဘာ့ငြိမ်းရေးဆု၊ ကမ္ဘာ့ဘာသာပေါင်းစုံ အဖွဲ့၏ ငြိမ်းချမ်းရေး သံတမန်၊ အိန္ဒိယနိုင်ငံ ဒေါက်တာ အမ်ဘေတကာဆု ၊ ထိုင်းနိုင်ငံ ဘုရင့်မိသားစုမှ ချီးမြှင့်သော နဂါးဆု၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဆပ်ကပ်သော နိုင်ငံတကာဂုဏ်ထူးဆောင်ဘွဲ့နှင့် ဇေယျာလူမှုထူးချွန်ဆုရှင် ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required