ယူဂန်ဒါမှာ လူမှုမီဒီယာအခွန် ပြဌာန်းကောက်ခံလို့ သန်းပေါင်းများစွာသော ပြည်သူတွေ မသုံးစွဲဘဲ နေ

ယူဂန်ဒါမှာ လူမှုမီဒီယာအခွန် ပြဌာန်းကောက်ခံလို့ သန်းပေါင်းများစွာသော ပြည်သူတွေ မသုံးစွဲဘဲ နေ

ယူဂန်ဒါနိုင်ငံမှာ လူမှုမီဒီယာအခွန်သစ် ပြဋ္ဌာန်းတာကြောင့်် သန်းပေါင်းများစွာသော ပြည်သူတွေဟာ အင်တာနက် မဖွင့်ရဲတော့ဘဲ ဖြစ်နေပါတယ်။

ဒီလို လူမှုမီဒီယာသုံးစွဲမှုအပေါ် အခွန်ကောက်ယူတာဟာ အစိုးရကို ဝေဖန်တာတွေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ထိန်းကွပ်ခံလိုက်ရတာပဲလို့ ဝေဖန်မှုတွေ ရှိလာပါတယ်။

ဇူလိုင်လအတွင်းက စတင်ပြဋ္ဌာန်းတဲ့ ဒီအခွန်တော်ကြောင့် လူမှုမီဒီယာသုံးစွဲသူတွေအနေနဲ့ တစ်နေ့ကို ယုဂန်ဒါသျှီလင် ၂၀၀ (စတာလင်ပေါင် လေးပေါင်) ပေးဆောင်ရတာဖြစ်ပါတယ်။

သမ္မတ မူဆီဗီနီဟာ ရာသက်ပန်အုပ်စိုးသူဖြစ်ပြီဆိုပြီး ဝက်ဘ်ဆိုက်တွေပေါ် အတင်းအဖျင်းတွေ ပျံ့နှံ့တာကို ဖြတ်တောက်ပစ်ဖို့ အခုအခွန်ကို ပြဌာန်းလာခဲ့တာပါ။

ဒီလို အင်တာနက်ဝက်ဘ်ဆိုက်တွေ သုံးစွဲတာအပေါ် အခွန်ကောက်တာမှာ ဖေ့ဘုတ်၊ WhatsApp နဲ့ တွစ်တာတို့အပါအဝင် ဝက်ဘ်ဆိုက်ပေါင်း ၆၀ အပေါ် သက်ရောက်ပါတယ်။

ဒီအတွက်ကြောင့် အင်တာနက်သုံးစွဲတာတွေ ရှောင်ကြဉ်သူ များလာခဲ့ပြီး ဒီအခွန်တော်ကို ပေးဆောင်ပြီး သုံးစွဲသူဦးရေဟာ ၁ ဒဿမ ၂ သန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

နိုင်ငံကို အနည်းဆုံး ၃၂ နှစ်တာ အုပ်ချုပ်နေတဲ့ မူဆီဗီနီဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း ရွေးကောက်ပွဲကာလအတွင်း သတင်းအမှားတွေ မပြန့်ပွားအောင် လူမှုမီဒီယာအားလုံးကို ပိတ်ခိုင်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly