သံတောင်ကျေးရွာ စခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ကို AA အဖွဲ့မှပြန်လွတ်

သံတောင်ကျေးရွာ စခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ကို AA အဖွဲ့မှပြန်လွတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ။              ။ ရက္ခိုင့်တပ် (AA)မှ ဖမ်းဆီးထားသည့် ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာ ရဲကင်းစခန်းမှူး ဆလိုင်းဘီဖာနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြန်လွတ််ပေးလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်(AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မဇ္စျိမသို့အတည်ပြုပြောသည်။

 “ လိုအပ်တာတွေ ခေါ်ယူပြီးတော့ တည့်မတ်ပေးတဲ့သဘောပါပဲ။ ဟုတ်တယ်ခင်ဗျ။ ဒီနေ့လွတ်လိုက်ပြီ” ဟု ၄င်းကဆိုသည်။

 ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရက္ခိုင့်တပ်(AA) မှ သံထောင်ရဲကင်းစခန်းကိုဝင်တိုက်မှုအပြီးတွင် အင်အား ၅၀ ခန့်က စခန်းမှူး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

 ဖမ်းဆီးခဲ့ရသူနှစ်ဦးကို ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) တွင် ဘာသာရေးခေါင်းဆောင်တစ်ဦးနှင့် ကျေးရွာ တာဝန်ရှိသူတို့မှ လာရောက်ခေါ်ယူရန် AA ဘက်မှအကြောင်းကြားခဲ့ပြီးနောက် ၆ ရက်ခန့်အကြာတွင်  ပြန်လည်လွတ်ပေးခဲ့ခြင်းလည်းဖြစ်သည်။

 ရဲကင်းစခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် ရက္ခိုင့်တပ် (AA)၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်ခြင်းနှင့် မြန်မာ့တပ်မတော်ကို သတင်းပေးမှုတို့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ရခြင်းဟု AA ဘက်မှပြောဆိုထားသည်။

 ၄င်းတို့ နှစ်ဦးလွတ်မြောက်ရန် ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သံတောင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly