ဆာလာ လေယာဉ်ပျက်ကျမှု ပိုင်းလော့ဆီမှာ commercial ခရီးစဉ်ပျံသန်းခွင့် လိုင်စင် မရှိဟု စစ်ဆေးတွေ့ရှိ

ဆာလာ လေယာဉ်ပျက်ကျမှု ပိုင်းလော့ဆီမှာ commercial ခရီးစဉ်ပျံသန်းခွင့် လိုင်စင် မရှိဟု စစ်ဆေးတွေ့ရှိ

ဖေဖော်ဝါရီ ၂၆   ။          ။     ကာဒစ်တိုက်စစ်မှူး ဆာလာ လိုက်ပါသွားခဲ့သည့် လေယာဉ်ကို မောင်းနှင်ခဲ့သော ပိုင်းလော့တွင် commercial လေယာဉ်ပျံသန်းမှုဆိုင်ရာ တရားဝင် လိုင်စင် ရှိမနေခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဗြိတိန်စုံစမ်းစစ်ဆေးရေး အရာရှိတွေက ဖေဖော်ဝါရီ ၂၅ ရက်က ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် လေယာဉ်မှူး David lbbotson ထံတွင် private pilot လိုင်စင်တစ်ခုသာ ရှိနေခဲ့ကြောင်း လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဌာန AAIB က အတည်ပြုပါတယ်။

သို့ပေမယ့် ယင်း ခရီးစဉ်ကိုတော့  ပိုင်းလော့နဲ့ ခရီးသည်အကြား စရိတ်စက မျှဝေကျခံရသည့် ပုဂ္ဂလိက ပျံသန်းမှုတစ်ခုအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း AAIB က ပြောပါတယ်။

အသက် ၂၈ နှစ်ရှိ အာဂျင်တီးနား တိုက်စစ်မှူး ဆာလာသည် ပြင်သစ် ကလပ် နန်းတက်စ်ကနေ ပရီးမီးယားလိဂ် အသင်းသစ် ကာဒစ် အသင်းထံ ပြောင်းရွှေ့ရန် အဆိုပါ လေယာဉ်နဲ့ ထွက်ခွာလာစဉ် ဇန်နဝါရီ ၂၁ ရက် ယင်း လေယာဉ်ပျက်ကျမှု အဖြစ်ဆိုးနဲ့ ကြုံတွေ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ယင်း လေယာဉ်ပျက်ကျမှုတွင် ပိုင်းလော့ဖြစ်သူ၏ လိုင်စင် တရားဝင် ခိုင်လုံမှု ရှိမရှိ နဲ့ပတ်သက်လို့ လွန်စွာ စိုးရိမ်မိကြောင်း ကာဒစ်စီးတီးအသင်းက ထုတ်ပြန်ထားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly